
မကွေး ဧပြီ ၂၃
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ များအား မြန်မာနှစ်ဆန်း ၁ ရက် မှစတင်၍ ရုပ်ရှင်များ ပြန်လည် ပြသလျက်ရှိရာ မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ ယနေ့ မွန်းတည့် ၁၂ နာရီ က မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး)တွင် ရုပ်ရှင်ပြသနေမှုကို ကြည့်ရှု အားပေးသည်။
မင်္ဂလာစံပြရုပ်ရှင်ရုံ(မကွေး)သို့ ရောက်ရှိစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ မင်္ဂလာစံပြ ရုပ်ရှင်ရုံ (မကွေး) တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ရုပ်ရှင်ပြသနေမှု၊ ရုပ်ရှင် လာရောက်ကြည့်ရှုကြ သည့် ပြည်သူများအား ရုံအဝင် တွင် ကိုယ်အပူချိန်တိုင်းစက်ဖြင့် တိုင်းတာခြင်း၊ လက်သန့်ဆေးရည် များ စီစဉ်ထားခြင်း၊ ပြည်သူများ ရုပ်ရှင်ကြည့်ရာတွင် စိတ်အေးချမ်း စွာ ကြည့်ရှုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရေးတို့ ကို မှာကြားပြီး မင်္ဂလာစံပြ ရုပ်ရှင်ရုံ (မကွေး) တွင် ရုံတင် ပြသလျက်ရှိသည့် “ဝေးမနေချင် ဘူး” မြန်မာရုပ်ရှင်အား ကြည့်ရှု အားပေးသည်။
မကွေးမြို့ မင်္ဂလာစံပြရုပ်ရှင်ရုံ (မကွေး) တွင် မြန်မာနှစ်ဆန်း ၁ ရက်မှစတင်၍ ရုပ်ရှင်များ ပြန်လည်ပြသလျက်ရှိကာ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မွန်းတည့် ၁၂ နာရီတွင် “ဝေးမနေချင်ဘူး” မြန်မာရုပ်ရှင်၊ မွန်းလွဲ ၃ နာရီတွင် Pee Nak 3 ထိုင်းရုပ်ရှင်နှင့် ညနေ ၆ နာရီတွင် Beast အိန္ဒိယ ရုပ်ရှင်တို့ကို ရုံတင်ပြသသွားမည် ဖြစ်ပြီး ရုပ်ရှင်ချစ်သူပြည်သူများ အနေဖြင့် အပန်းဖြေလာရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ရုံဝင်ခ နှုန်းထားများအနေဖြင့် တစ်ဦး လျှင် ငွေကျပ် ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀၊ ၃ဝဝဝ နှင့် ၃၅ဝဝ အသီးသီး သတ်မှတ်ထားကြောင်း သိရ သည်။
မောင်ညီညာ