ပြင်ဦးလွင်မြို့နယ်၌ ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ပို့ချ

 

ပြင်ဦးလွင်  ဧပြီ     ၂၃  


မန္တလေးတိုင်းဒေသကြီး   ပြင်ဦး လွင်မြို့နယ်၌    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်   ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍  ရှေးဦးသူနာပြုစုနည်း သင်တန်းကို     ဧပြီ ၂၀ ရက်က     ခရိုင်ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  လူထု အခြေပြု           ဗဟိုဌာနခန်းမ၌ ကျင်းပရာ       တာဝန်ရှိသူများ၊ သင်တန်းနည်းပြ      ဆရာများနှင့် သင်တန်းသား       သင်တန်းသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ      မြို့နယ်စီမံအုပ်ချုပ် ရေး၏   အဖွဲ့ဝင်   ဦးသောင်းမြင့် သိန်းက သင်တန်းဖွင့်  အမှာစကား ပြောကြားပြီး        ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန      လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော် က   သင်တန်းဖွင့်လှစ်ရခြင်း၏   ရည်ရွယ်ချက်များကို    ရှင်းလင်း ပြောကြားသည်။   ဆက်လက်ပြီး မြို့နယ်   ကြက်ခြေနီအသင်းမှ     မြို့နယ်တပ်ဖွဲ့မှူး       ဒေါ်အေး အေးဖြိုးက     ကြက်ခြေနီအသင်း ၏  အခြေခံမူများ၊ စောင့်ထိန်း    လိုက်နာသင့်သည့်            စည်းမျဉ်း စည်းကမ်းများ၊    သင်တန်းတက် ရောက်ရခြင်း၏        အကျိုးကျေးဇူး များကို     ရှင်းလင်းပြောကြားပြီး   မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူးက ရှေးဦးသူနာပြု စုနည်းဆိုင်ရာ      လုပ်ငန်းအတွေ့ အကြုံများနှင့်    အရေးပေါ် ရှေးဦး သူနာပြုစုနည်းများကို    စာတွေ့/ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း       သိရသည်။        

ခရိုင်(ပြန်/ဆက်)