မွန်ဂိုလီးယားနိုင်ငံ၌ သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်

 

အူလန်ဘာတာ   ဧပြီ   ၂၂ 


မွန်ဂိုလီးယားနိုင်ငံ၌      အဝါရောင်သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း သတိပေးချက်တစ်စောင်ကို မိုးလေဝသ နှင့် ပတ်ဝန်းကျင်စောင့်ကြည့်ရေး မွန်ဂိုလီးယား အမျိုးသားအေဂျင်စီက ဧပြီ ၂၂ ရက်က ထုတ်ပြန် လိုက်သည်။

 


လာမည့်ရက်သတ္တပတ်အတွင်း     မွန်ဂိုလီးယား နိုင်ငံအနောက်ပိုင်းဒေသများသို့ လေပြင်းကျရောက်မှုနှင့် အဝါရောင်သဲမုန်တိုင်းများ   ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း    ရာသီဥတုစောင့်ကြည့်ရေး အေဂျင်စီက ပြောကြားသည်။

 


ဆက်လက်ပြီး သဲမုန်တိုင်းမှာ မွန်ဂိုလီးယားနိုင်ငံ တောင်ပိုင်းဒေသများသို့ ဧပြီ ၂၅ ရက်မှ စတင်ဝင်ရောက် တိုက်ခတ်နိုင်ကြောင်းနှင့်   နှင်းမုန်တိုင်းမှာလည်း နိုင်ငံမြောက်ပိုင်း  ဒေသတစ်လျှောက်   ဖြတ်သန်း ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ရာသီဥတု စောင့်ကြည့်ရေးအေဂျင်စီက ပြောကြားသည်။

 


မွန်ဂိုလီးယားနိုင်ငံ၌ ပြည်သူများ အထူးသဖြင့် ယာဉ်မောင်းနှင်သူများနှင့်  အိမ်ခြေအတည်တကျ မရှိသော ခြံမွေးတိရစ္ဆာန်စောင့်ရှောက်သူများအား ဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာများကို သွားလာခြင်းမပြုဘဲ        ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် ရာသီဥတုစောင့်ကြည့်ရေး အေဂျင်စီက တိုက်တွန်းထားသည်။

 


မွန်ဂိုလီးယားနိုင်ငံ၌    ရာသီဥတုအမျိုးအစား လေးမျိုးရှိပြီး   နွေဦးရာသီတွင်   လေပြင်းမုန်တိုင်း၊ သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်းများမှာ ကျရောက်လေ့ ရှိကြောင်း သိရသည်။

 


မွန်ဂိုလီးယားနိုင်ငံ၏အစိတ်အပိုင်းအတော်များများ၌ ၂၀၂၁ ခုနှစ် မတ်လအတွင်း   ပြင်းထန်သည့် သဲမုန်တိုင်းနှင့်     နှင်းမုန်တိုင်းများ    ဝင်ရောက် တိုက်ခတ်မှုကြောင့် စုစုပေါင်းအိမ်ခြေရာမဲ့ ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

ဆင်ဟွာ