
ကျောက်တော် ဧပြီ ၂၁
မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေး ဦးစီးဌာနနှင့် မေတ္တာဥယျာဉ်ပရဟိတကျောင်း တို့ ပူးပေါင်းဖွင့်လှစ်သည့် အလယ်တန်းအဆင့် နွေရာသီ အခြေခံပန်းချီနှင့် အင်္ဂလိပ်စာ သင်တန်း(အခမဲ့)ဖွင့်ပွဲကို ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမောင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်သင်ကြား ပေးရသည့် ရည်ရွယ်ချက်များကို ပြောကြား သည်။
အဆိုပါ အလယ်တန်းအဆင့် ပန်းချီ သင်တန်းကို သင်တန်းသား သင်တန်းသူ ၃၅ ဦး၊ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား ၃၀ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ မှာ တစ်ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)