
ကော့သောင်း ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း မြို့နယ် သမဝါယမဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ အဓိက ထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်းငါး၊ပုစွန်များကို မြို့နယ်သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်းအဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ (ခြောက်လ) ဘဏ္ဍာနှစ် အတွင်း သမဝါယမအသင်းနှစ်သင်းဖြစ်သည့် သိန်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်မှ ရေထွက်ပစ္စည်းတန်ချိန် ၂၇၅၉ ဒသမ ၃၇၂ တန် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၂၆ သန်း) ကိုလည်းကောင်း၊ အောင်ကျော်ဇောရေထွက်ပစ္စည်းနှင့် အထွေထွေစီးပွားရေး သမဝါယမ အသင်း လီမိတက်မှ ရေထွက်ပစ္စည်းတန်ချိန် ၁၉၂၀ ဒသမ ၇၃၆ တန် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၂ သန်း) ကိုလည်းကောင်း တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)