မိုးကြိုးအန္တရာယ် သတိပြုကာကွယ်

Type
77

 

မျိုးမြတ်မိုး (MANA)

 

မိုးရာသီ၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့်ဘေးဒုက္ခအန္တရာယ်များကို တစ်နေရာမဟုတ် တစ်နေရာ၌ အမြဲတစေ ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ မိုးကြိုးအန္တရာယ်ကိုလည်း အချိန်မရွေး ကြုံတွေ့ရနိုင်သဖြင့် ယခုမိုးကြိုကာလတွင် ပိုမိုသတိထားကြရမည်ဖြစ်သည်။ 

 


မိုးကြိုးအန္တရာယ်သည်   မိုးရာသီ ကာလတွင် ကြီးမားလှသော အန္တရာယ် တစ်ခုဖြစ်ပြီး   မိုးကြိုးပစ်ခံရမှုကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှုများ နှစ်စဉ် မြင့်တက်လာလျက်ရှိသည်။   တိမ်တိုက် ချင်း လျှပ်ကူးမှုသည် မိုးခြိမ်းမှုနှင့် လျှပ်စီး လက်မှုများဖြစ်စေပြီး   တိမ်တိုက်နှင့် မြေပြင်၊   မြေပြင်နှင့်   တိမ်တိုက်ကြား လျှပ်ကူးမှုကို      မိုးကြိုးပစ်သည်ဟု ဆိုသည်။      မိုးကောင်းကင်ထက်မှ မြေကြီးပေါ်သို့ မိုးကြိုးပစ်ရန် တာစူနေ သော လျှပ်စစ်မုန်တိုင်းပေါင်း တစ်နေ့ လျှင်  ၁၈ဝဝ  ခန့်ရှိသည်။  တစ်စက္ကန့် တွင် ပစ်သော မိုးကြိုးအရေအတွက်ပေါင်း ၆၀၀ ခန့်ရှိပြီး မြေပြင်သို့ကျရောက်သော အရေအတွက်မှာ   ၁ဝဝ   ခန့်ရှိသည်။ ၂၄   နာရီအတွင်း  ကမ္ဘာမြေကြီးပေါ်သို့ မိုးကြိုးအကြိမ်ပေါင်း ၈ ဒသမ ၅ ကြိမ်ခန့် ပစ်သည်။

 


အလွန်ကြောက်မက်ဖွယ်ကောင်း


မိုးကြိုးပစ်သည့်အချိန်တွင် လျှပ်စီး အင်အားမှာ အမ်ပီယာ သုံးသောင်းခန့်မှ နှစ်သိန်းခန့်အထိ ဖြစ်ပေါ်နိုင်သည်ဟု ဆိုရာ  အလွန်ကြောက်မက်ဖွယ်ကောင်း သော လျှပ်စီးအားဖြစ်သည်။  မိုးကြိုးပစ်ခံ ရသည့် အခြေအနေများတွင် အဆောက် အအုံများ၏ပြင်ပ၌ ၉၉ ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံများအတွင်း၌     တစ် ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။ ကွင်း ပြင်အနေအထား၌   ရောက်ရှိနေပါက မိုးကြိုးပစ်ခံရနိုင်ခြေ   အများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်းရှိသည်။ သစ်ပင်အောက် တွင်ရှိနေပါက ဒုတိယအများဆုံးဖြစ်ပြီး ၂၃  ရာခိုင်နှုန်း၊  ရေကန်၊  မြစ်ချောင်း၊ အင်းအိုင် စသည့် ရေနှင့်ထိစပ်မှုရှိနေသော နေရာများ၌ရှိနေချိန်တွင် တတိယအများ ဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး ၃ ဒသမ ၆  ရာခိုင်နှုန်းရှိသည်။   သေဆုံးဒဏ်ရာ ရသူများကို လေ့လာကြည့်ပါက ကွင်းပြင် တွင်   လမ်းလျှောက်နေချိန်၌   ဖြစ်ပွား မှု  ၂၂   ရာခိုင်နှုန်း   အများဆုံးဖြစ်ပြီး အကြောင်းအရာ  မဖော်ပြနိုင်သောအခြေ အနေအရဖြစ်ပွားမှု   ဒုတိယအများဆုံး ၁၄ ရာခိုင်နှုန်းဖြစ်သည်။ သစ်ပင်အနီးတွင် ဖြစ်ပွားမှုက ၁ဝ ရာခိုင်နှုန်းဖြင့် တတိယ အများဆုံးဖြစ်သည်။ အဆောက်အအုံများ ဆောက်လုပ်နေစဉ် အဆောက်အအုံပေါ် ၌ ပစ်ခံရမှုမှာ ၉  ရာခိုင်နှုန်းရှိပြီး  ယာဉ် ပေါ်နှင့် ထွန်စက်ပေါ်၌   ပစ်ခံရမှုက  ၇ ရာခိုင်နှုန်းရှိသည်ဟု လေ့လာမှုစစ်တမ်း များက ဖော်ပြထားသည်။

 


အဆောက်အအုံ       အမြင့်များ၊ တောင်ကုန်းမြင့်များ၊ ကွင်းပြင်ရှိ သစ်ပင် များ၊  တာဝါတိုင်များ၊  ချွန်ထက်သော အဆောက်အအုံများနှင့်    လယ်ကွင်း၊ မြစ်ချောင်းအင်းအိုင်စသော   ကွင်းပြင် များ စသည်တို့သည် မိုးကြိုးအပစ်ခံရ နိုင်ခြေ အများဆုံးနေရာများဖြစ်သည်ကို သိထားကြရမည်။ ကွင်းပြင်၌  ရောက်ရှိ နေချိန် ဆံပင်များအပေါ်သို့ ထောင်လာ ခြင်း၊ ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်းများ ထလာပါက  မိမိရောက်ရှိနေသည့် နေရာ ဝန်းကျင်အနီး   မိုးကြိုးပစ်မည်ဆိုသည် ကို  သတိပြုကြရမည်ဖြစ်သည်။ မိုးကြိုး အန္တရာယ်ကို ဆိုင်ကယ်စီးသူ၊ ကားစီးသူ၊ ဆိုက်ကား၊ မြင်းလှည်းစီးသူများလည်း ခံရနိုင်သည်။

 


လျစ်လျူရှုနေကြ


တချို့က     မိုးကြိုးအန္တရာယ်ကို မျက်ကွယ်ပြု   လျစ်လျူရှုနေကြသော် လည်း မိုးကြိုးအန္တရာယ်ကို  ကိုယ်တွေ့ ခံစားနေကြရသူများကား    ချောက်ချား ကြောက်လန့်နေကြရသည်။   လူများကို သာမက  သစ်ပင်မျိုးစုံကိုလည်း   မိုးကြိုး ပစ်လေ့ရှိသည်။ လူနှင့် ကျွဲ၊ နွားတိရစ္ဆာန် များ၊   အဆောက်အအုံများနှင့်   သစ်ပင် များ၊ ဘုရားစေတီအချို့ပင်မကျန် မိုးကြိုး အန္တရာယ်ဒဏ်ကို နှစ်စဉ်ခံနေကြရသည်။

 


ရာသီဥတု      ဖောက်ပြန်မှုအပေါ် မူတည်ပြီး လျှပ်စီးလက်ခြင်းနှင့် မိုးကြိုး ပစ်ခြင်းများ  ဖြစ်ပေါ်နေလေ့ရှိသည်။ မြန်မာနိုင်ငံတွင်     မုတ်သုံရာသီအကြို ကာလများမှာ  နေ့အပူချိန်မြင့်တက်လာ သည့်အခါ လေအပူများက အထက်အမြင့် သို့   တက်ကုန်ကြသည်။    လေအပူများ အထက်သို့     တက်သွားသောအခါ ထိုနေရာသို့     ပတ်ဝန်းကျင်လေထုက အစားထိုး  တိုက်ခတ်ဝင်ရောက်လာကြ သည်။ ထိုအစားထိုး ဝင်ရောက်တိုက်ခတ် လာသော   လေများက     တိမ်တောင်များ ကို      သယ်ဆောင်လာခဲ့ကြသည်။ ထိုတိမ်တောင်များသည်   မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်ရှိ     ပင်လယ် သမုဒ္ဒရာများမှ  ဖြတ်သန်းလာခဲ့ရသော ကြောင့် ရေခိုးရေငွေ့များဖွဲ့စည်း  ပါဝင် လာခဲ့ကြသည်။   အပူချိန်ကွာခြားမှုနှင့် တိမ်တောင်များ    ရွေ့လျားမှုအပေါ်မှာ အခြေခံပြီး   ထိုတိမ်တောင်တွေထဲမှာ တည်ငြိမ် လျှပ်စစ်အဖိုနှင့် အမဓာတ်များ ဖြစ်ပေါ်လာသည်။ ထိုတည်ငြိမ်လျှပ်စစ် ဓာတ်အားများသည် မျိုးတူချင်း စုစည်း လာကြရာမှ   အင်အားပမာဏ   ဗို့အား သန်းချီပြီး     ကြီးထွားလာသည်နှင့် တစ်ပြိုင်နက် ဆန့်ကျင်ဘက်ရှိရာ အရပ် သို့ ခုန်ကူးကြလေ့ရှိသည်။ အဖိုဓာတ်စု နေသော   တိမ်တိုက်က    အမဓာတ်စုနေ သော  တိမ်တိုက်ဘက်သို့   ခုန်ကူးကြ သကဲ့သို့ မူလကတည်းက   အမဓာတ်ဖြစ် နေသော  မြေကြီးသို့လည်း   ခုန်ကူးကြ သည်။ ခုန်ကူးသည့် သဘောမှာ လျှပ်စစ် စီးဆင်းမှုပင်ဖြစ်သည်။ မိုးကြိုးအန္တရာယ် ကို     ကြိုတင်ကာကွယ်နိုင်ကြစေရေး အတွက်      ကျွမ်းကျင်သူပညာရှင်များ က   ဆောင်သင့်ရှောင်သင့်သည်များကို နှစ်စဉ်ထုတ်ပြန် လှုံ့ဆော်သတိပေးလေ့ ရှိသည်။

 


ပစ်ကွင်းပစ်မှတ်များ


တိမ်တိုက်တစ်ခုနှင့်  တစ်ခုအကြား၊ တိမ်တိုက်နှင့်  မြေပြင်အကြား   ကြားခံ ထားသော  လေထုသည်   သာမန်အချိန် တွင် လျှပ်စစ်ဓာတ်အားမဖြတ်နိုင်သော် လည်းတည်ငြိမ်လျှပ်စစ်စုစည်းမှု ပမာဏ များပြားလာချိန်နှင့်    လေထုအတွင်း ရေငွေ့ပါဝင်မှု    များပြားလာချိန်တွင်မူ ဖွဲ့စည်းမှု     ပျက်စီးသွားကာ   လျှပ်စစ် စီးဆင်းရန် လမ်းကြောင်းပွင့်သွားခဲ့သည်။ လျှပ်စစ်စီးဆင်းမှုသဘာဝအရ စီးဆင်း လိုသောအရပ်သို့ အတိုဆုံးလမ်းကြောင်း မှသာ စီးဆင်းလေ့ရှိရာ မြင့်မားလွန်းသော သစ်ပင်ကြီးများ၊   အဆောက်အအုံများ၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး  တာဝါတိုင် များ၊ ကြားခံမရှိကြသော လွင်တီးခေါင် ခေါင် ကွင်းပြောင်ပြောင်နှင့် လယ်ကွင်း ပြင်များသည်  မိုးကြိုးစက်ကွင်းမလွတ် ကင်းနိုင်သော    ပစ်ကွင်းပစ်မှတ်များ ဖြစ်နေကြသည်။    မိုးကြိုးအန္တရာယ်က လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ အလွန်ပင် ကြောက်မက်ဖွယ်      ကောင်းပါသည်။ မည်ရွေ့မည်မျှပင်  ခေတ်မီတိုးတက်နေ ကြစေကာမူ    မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နည်းများကလွဲ၍  မိုး ကြိုးဘေးမှ   ကင်းဝေးအောင်  မည်သူမျှ မလုပ်ဆောင်နိုင်ကြသေးပေ။  မိုးကြိုး ပစ်ခြင်းကိုလွဲအောင်    မိုးကြိုးလွှဲဖြင့် ကာကွယ်နေကြရုံသာ တတ်နိုင်ကြသည်။

 


မိုးကြိုးလွှဲများ တပ်ဆင်ထားကြပါ


အဆောက်အအုံများ   မိုးကြိုးလွှဲများ တပ်ဆင်ထားကြပါ။ ကွင်းပြင်တွေထဲမှာ လျှပ်စီးလက်လာပါက   မြေပြင်မှာဝပ်ချ လိုက်ကြပါ။ မုတ်သုံအကြိုကာလ၊ မိုးဦး လေဦးကျချိန်  လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြလေ့ရှိသော တောင်သူလယ်သမား များအနေဖြင့် လျှပ်စီးလက်၊ မိုးထစ်ချုန်း သည်နှင့်  တစ်ပြိုင်နက်   ထီးထီးကြီး မတ်တတ်ရပ်ပြီး   အလုပ်လုပ်ကိုင်နေခြင်း ကို ရပ်လိုက်ကြပါ။  ရောက်သည့်နေရာ မှာပဲ ဝမ်းလျားမှောက်နေကြပါ။ ကွင်းပြင် လယ်တဲများမှာ   နေကြသူများ    အထူး သတိပြုနေကြပါ။  ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေပါက   အမြန်ဆုံးလူစု ခွဲပါ။   စက်ဘီး / ဆိုင်ကယ်ပေါ်တွင် ရောက်ရှိနေပါက    အမြန်ဆုံးဆင်းပါ။ လျှပ်စီးလက်ခြင်း၊   မိုးထစ်ချုန်းခြင်း ငြိမ်သက်ရပ်ဆိုင်းသွားပြီး နာရီဝက်ကြာ မှ လုပ်ငန်းပြန်လုပ်ကြပါ။

 

မြင့်မားသော အဆောက်အအုံများနှင့်  မြင့်မားသော သစ်ပင်များအောက်မှာ   မိုးခိုခြင်းကို ရှောင်ကြဉ်ကြပါ။ လျှပ်စီးလက် မိုးထစ် ချုန်းနေချိန်   သမံတလင်းပေါ်မှာထိုင် နေခြင်း၊  အလုပ်လုပ်နေခြင်း၊  နေအိမ် သံပန်းတံခါးများကို    ကိုင်ထားခြင်း၊ သံရေပိုက်များကို ကိုင်ထားခြင်း၊  ထိကပ် နေခြင်း၊ သွပ်နန်းကြိုးမှာ   အဝတ်လှန်း ခြင်း၊ အဝတ်ရုပ်ခြင်း မပြုလုပ်ကြပါနှင့်။ သွပ်ဆူးကြိုးကာထားသော  ခြံစည်းရိုး၊ သံထည်ပစ္စည်း၊ သံလမ်းများအနီးတွင် မနေပါနှင့်။ လျှပ်စီးလက်၊ မိုးထစ်ချုန်း နေချိန်မှာ တီဗွီကြည့်ခြင်း ရှောင်ကြဉ်ပါ။ လျှပ်စစ်နှင့်  ဆက်သွယ်ရေးတာဝါတိုင် များအနီးမှာ ရောက်ရှိနားခိုခြင်း မပြုကြ ပါနှင့်။ နေအိမ်များနှင့် ရုံးဌာနအဆောက် အအုံများမှာ   ရေစိုနေသော   ဝါးများ၊ သစ်သားတိုင်များကို စိုက်ထူမထားကြပါ နှင့်။ မိုးလေဝသအထူးသတင်း ကြေညာ ချက်များကို  ဂရုစိုက်နားထောင်ကြပါ။ နေ့စဉ်ထုတ်သတင်းစာများက  ဖော်ပြ ထားသော   မိုးလေဝသသတင်းများကို အလေးထား ဖတ်ရှုမှတ်သားလိုက်နာကြပါ။

 


 ကြိုတင်ကာကွယ်


မိုးခြိမ်းသံကြားရသည်နှင့် ခိုင်ခံ့သော အဆောက်အအုံ သို့မဟုတ် မော်တော် ယာဉ်တွင်းသို့  ခိုဝင်ရမည်။  မော်တော် ယာဉ်တံခါးကိုလည်း    အသေအချာ ပိတ်ထားရမည်။   နွားတင်းကုပ်ကဲ့သို့ သေးငယ်သော  အဆောက်အအုံများ၌ ခိုလှုံခြင်းမပြုရ၊  ခိုလှုံစရာနေရာမရှိပါက မိမိလက်နှစ်ဖက်ဖြင့် နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ   ခြေချောင်း များ၊ ရှေ့ခြေဖဝါးများဖြင့်သာ မြေကြီးကို ထိထားရမည်။ လူအုပ်စုလိုက်ဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ၁၅ ပေခန့် ခွာနေရမည်၊ ရေများနှင့်လည်း    ထိတွေ့ဆက်စပ်နေ ခြင်း    မပြုရချေ။      အိမ်တွင်း၌နေစဉ် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက် ပန်းကန်ဆေးခြင်းများ မပြုရ။ သတ္တု ပစ္စည်းများပါဝင်သော  အဝတ်လှန်းကြိုး များ၊ ခြံစည်းရိုးများနှင့် ဝေးဝေးနေရမည်။ လိုင်းကြိုးဖုန်းများအစ     ကွန်ပျူတာ၊ တီဗွီစသည့် လျှပ်စစ်အသုံးအဆောင်များ အသုံးမပြုရ။ ပြတင်းပေါက်များအနီးတွင် မနေရ  စသည့်  နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်းဖြင့်  မိုးကြိုးအန္တရာယ် ကို ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။

 


မိုးကြိုးပစ်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ အိမ်အပြင်တွင် ပစ်ခံရခြင်းဖြစ်ပြီး မိုးကြိုး ပစ်ခံရသူ သုံးဦးတွင် နှစ်ဦးသာ အသက် ရှင်သည်။   သေဆုံးသူများ၏    ၈၅ ရာခိုင်နှုန်းမှာ လူငယ်လူရွယ် ယောက်ျား လေးများ ဖြစ်သည်။ မိုးကြိုးပစ်ခံရသူများ ကိုကြည့်လျှင် လယ်ယာလုပ်ငန်းလုပ်ကိုင် ကြသည့်   ကျေးလက်နေပြည်သူများ အများဆုံးဖြစ်ကြောင်း    သိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့်  လေပြင်း တိုက်ခတ်ခြင်း၊   မိုးသီးများကြွေခြင်း၊ သစ်ပင်များ ပြိုလဲကာ နေအိမ်အဆောက် အအုံများ   ပျက်စီးခြင်း    ဖြစ်ပေါ်လျက် ရှိသည်။

 


မိုးကြိုးအန္တရာယ်ကို ကျေးလက်နေ ပြည်သူများ     ရာခိုင်နှုန်းအများဆုံး ကြုံတွေ့နိုင်သဖြင့်  မိုးကြိုးအန္တရာယ်နှင့် ပတ်သက်သော   အသိပညာပေးမှုများ အများဆုံးလိုအပ်သည်။ ကျေးလက်နေ ပြည်သူများသာမက ပြည်သူအားလုံးက မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန် ချက်များကို အထူးဂရုပြုလိုက်နာသင့်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါ သည်။       ။