
ပခုက္ကူ ဧပြီ ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ များနှင့် အကျဉ်းသား၊ အကျဉ်းသူ များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ သည်။
ပခုက္ကူမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင် သူ ၂၃၈၉၈၁ ဦးရှိပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှ စတင်ပြီး ဦးစားပေးအဆင့် အလိုက်ထိုးနှံ ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်အထိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၁၄၆၃၀၆ ဦး၊ နှစ်ကြိမ် ထိုးနှံပြီးသူ ၈၆၃၃၄ ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရ သည်။
မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ အာလုံး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ အတွက် ဆေးထိုးအဖွဲ့ ခုနစ်ဖွဲ့ နှင့် ကျေးရွာအုပ်စုများရှိ ပြည်သူ များအတွက် ဆေးထိုးအဖွဲ့ ၁၄ ဖွဲ့တို့ဖြင့် မတ် ၉ ရက်မှစတင်ကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ ၄၈၀၀ ခန့်အထိ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြော သည်။
ခရိုင် (ပြန်/ဆက်)