
နေပြည်တော် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း ခရိုင် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများကို အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးနှင့် တာဝန်ရှိသူများက ဒေသခံ ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်လှူဒါန်း ကြသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ် ကွက်ကိုးရပ်ကွက်ရှိ ဒေသခံ ပြည်သူ အိမ်ထောင်စု ၂၄၂၅ စု အတွက် ဆန်အိတ် ၂၄၂၅ အိတ်ကို လည်းကောင်း၊ အိမ်ထောင်စု တစ်စုလျှင် ဂျုံတစ်ကီလိုဂရမ်နှုန်း ဖြင့် အိမ်ထောင်စု ၂၄၂၅ စု အတွက် ဂျုံအိတ် ၆၀ ကိုလည်းကောင်း ပြည်သူများ လက်ဝယ်အရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်