
ညောင်ရွှေ ဧပြီ ၂၁
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၌ အခြေခံပညာ မူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဗဟို အဆင့် နည်းပြသင်တန်းကို ဧပြီ ၂၀ ရက်က မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရ သည်။
အဆိုပါသင်တန်းကို ပညာ ရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက အွန်လိုင်း စနစ်ဖြင့် ပို့ချလျက်ရှိပြီး သင်တန်း တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာဘာသာ ရပ်များ သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ မူလတန်းကျောင်းအုပ် ၆၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
နေမျိုးသူရိန်