ပညာရေးဒီဂရီကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည် -
(က)     အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်    -    ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့်ဂုဏ်ထူးတန်း                                 ပထမနှစ်သင်တန်းများ
    (၂)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်    -    ပဉ္စမနှစ် ဥပဒေပညာ၊ပဉ္စမနှစ် ပညာရေးနှင့်                                     ဂုဏ်ထူးတန်း တတိယနှစ် သင်တန်းများ(ဖွင့်လှစ်ဆဲ)
    (၃)     ၂၀၂၁-၂၀၂၂ ပညာသင်နှစ်    -    မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်း 
                        များ (ဖွင့်လှစ်ဆဲ)
    (၄)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်    -    ပထမနှစ်သင်တန်းများ 
            (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)
(ခ)    ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်    -    ပထမနှစ် သင်တန်းများ
    (၂)     ၂၀၂၂-၂၀၂၃ ပညာသင်နှစ်    -     ပထမနှစ်သင်တန်းများ
            (၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)
(ဂ)    ၂၀၂၂-၂၀၂၃   ပညာသင်နှစ်   ပထမနှစ်သင်တန်းများအတွက်    ကျောင်းအပ်လက်ခံခြင်းကို         (၁၈-၄-၂၀၂၂) ရက်နေ့မှ စတင်လက်ခံလျက်ရှိသည်။
                                        

ပညာရေးဝန်ကြီးဌာန