စာပေဗိမာန်စာမူဆု (၂၀၂၁ ) ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

 

ရန်ကုန်  ဧပြီ  ၂၁


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်သည် ဘာသာပြန်စာပေဖွံ့ဖြိုးရေးနှင့်  ဘာသာပြန်ဝါသနာရှင် များတိုးပွားရေးအတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန် စာမူပြိုင်ပွဲ ကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွက် စာပေ ဗိမာန်စာမူဆု၊  ဘာသာပြန် စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိသည်။
၂၀၂၁ ခုနှစ်အတွက်ဘာသာပြန်ပြဋ္ဌာန်းစာအုပ်မှာ JOSEPH CONRAD ရေးသားသည့် THREE SHORT STORIES extracted from Selected short stories & The Rover စာအုပ်ဖြစ်ပါသည်။ 

 


ယင်းစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ရှိစာပေဗိမာန်အရောင်းဆိုင်   ဖုန်း - ၀၁-၃၈၁၄၄၈၊  သပြေကုန်း၊ နေပြည်တော်ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၆၇-၃၄၀၄၁၆၈၊ ၈၆လမ်း ၂၁x၂၂ ကြား  အောင်မြေသာစံမြို့နယ်၊  မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၂-၄၀၃၀၁၈၆ တို့တွင် တန်ဖိုး ငွေကျပ် ၈၀ဝ ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

 


ပြိုင်ပွဲဝင်စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့်ပြိုင်ပွဲဝင် ပုံစံဖြင့် တင်သွင်းခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံ နှင့် စည်းကမ်းချက်များကို  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ဝက်ဘ်ဆိုက်  www.moi.gov.mm/ppd တွင်    အခမဲ့သော် လည်းကောင်း၊   စာပေဗိမာန်ရုံးတွင်   ငွေကျပ် ၂၀ဝ  ဖြင့်သော် လည်းကောင်း  ဝယ်ယူနိုင်သည်။ နယ်မှပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့်စာအုပ်ပို့ခ  အပါအဝင် စုစုပေါင်းငွေကျပ် ၂၅၀ဝ ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ၊ စာပေဗိမာန်ရုံး၊ အမှတ်၅၂၉- ၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူ နိုင်ပါသည်။

 


ပြိုင်ပွဲဝင်စာမူများကိုလည်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား၍ အထက်ဖော်ပြပါ  လိပ်စာသို့ပင် လိပ်မူ၍ ပေးပို့ ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။                        

သတင်းစဉ်