ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့် ၂၀၂၂ ခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် မှတ်တမ်းဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 

မန္တလေး   ဧပြီ   ၂၁


ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့်    ၂၀၂၂ ခုနှစ်   မန္တလေးမြို့တော်   မဟာ သင်္ကြန်ပွဲတော် မှတ်တမ်းဓာတ်ပုံ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့  မွန်းလွဲပိုင်းက   မန္တလေး မြို့တော်    စည်ပင်သာယာရေး ကော်မတီရုံး    မြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ ဝင်များ  တက်ရောက်ကြသည်။

 


အခမ်းအနားတွင်     တိုင်း ဒေသကြီး       ဝန်ကြီးချုပ်က ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း မှာ မင်္ဂလာတစ်ပါးဖြစ်သည်နှင့် အညီ    ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင်   ဓာတ်ပုံပြိုင်ပွဲဆုရရှိ သူများ၊ ဓာတ်ပုံပညာရှင်များနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသူ များကို    ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်   ပါကြောင်း၊    ယခုနှစ်    မန္တလေး မြို့တော်       သင်္ကြန်ပွဲတော်ကို ရှေးဘုရင်များ      လက်ထက် ယဉ်ကျေးမှု  သရုပ်ဖော်မှုများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့် ရတနာပုံ ဥယျာဉ်ဖွင့်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သူများ၏ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ရွေးချယ်ပေးခဲ့သည့် ဒိုင်များကို လည်း မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ ဓာတ်ပုံပြိုင်ပွဲ တွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင် ရွက်ခဲ့သူ ကိုယ်စားလှယ်တစ်ဦးက ဆုရွေးချယ်မှုအား    ရှင်းလင်း ပြောကြားပြီး    တိုင်းဒေသကြီး သယံဇာတရေးရာ    ဝန်ကြီး ဦးမျိုးအောင်က အကဲဖြတ်ဒိုင်အဖွဲ့ အား      အမှတ်တရလက်ဆောင် များ ပေးအပ်သည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရ တင်ဇာ လှိုင်     (ချမ်းအေးသာစံမြို့နယ်)၊ ဒုတိယဆုရ     ဦးတင်မောင်သွင် (မန်းချစ်သူ)၊      တတိယဆုရ ဇင်မင်းထွန်းတို့အား      လည်း ကောင်း၊   မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက     နှစ်သိမ့်ဆုရ ဦးထွန်းထွန်းနိုင် (ချမ်းအေးသာစံ မြို့နယ်)၊  ချစ်ရဲသူ  (ပုသိမ်ကြီး မြို့နယ်)၊   ဆုမြတ် (အောင်မြေ သာစံ)၊ ဦးအောင်မင်းဦး၊  မိုးဟိန်း ထွန်း(မွန်ဆွန်း)တို့ကို     လည်း ကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးနောက်  တိုင်းဒေသကြီး       ဝန်ကြီးချုပ် က    မန္တလေးဓာတ်ပုံအသင်း အတွက် ရန်ပုံငွေ ကျပ် ၁၀ သိန်း ကို      လှူဒါန်းကာ    စုပေါင်း မှတ်တမ်းတင်      ဓာတ်ပုံများ ရိုက်ကြပြီး   ဆုရရှိသူများ ဓာတ်ပုံ များနှင့် ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံ များ   ပြသထားမှုကို    ကြည့်ရှု အားပေးသည်။

 


ယနေ့ ကျင်းပသည့် ရတနာပုံ ဥယျာဉ်ဖွင့်ပွဲနှင့်    ၂၀၂၂   ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန် ပွဲတော်မှတ်တမ်း ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် ဓာတ်ပုံပညာရှင် ၂၆ ဦး၏ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း  ၇၅   ပုံထဲမှ     ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု   ငွေကျပ်  လေးသိန်း၊ တတိယဆု      ငွေကျပ်  သုံးသိန်း၊ နှစ်သိမ့်ဆု ငွေကျပ် နှစ်သိန်းစီနှင့် ဒိုင်များကို     ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်