
စောမွန်ငါး (စက်မှု)
ဆီအသုံးပြုမှုစတင်ခဲ့ပုံ
ဆီ (တစ်နည်းအားဖြင့်) လူများစားသုံးလျက်ရှိသည့် ဟင်းချက်ဆီ၊ စားသုံးဆီများအား တိရစ္ဆာန်၊ အပင် (သို့မဟုတ်) ဓာတုဗေဒဖြင့် ပြုပြင်ထားသည့် အဆီ တို့မှ ထုတ်လုပ်ရရှိပြီး စတင်အသုံးပြုခဲ့သည့် အချိန် ကာလကို လေ့လာကြည့်ရာတွင် ဘီစီ ၂၅၀၀၀၀ ဝန်းကျင်ခန့်မှ အစပြုခဲ့ကြောင်းကို သိရှိရပါသည်။ လူသားများ မီးစတင်ထုတ်လုပ်အသုံးပြုပုံကို သိရှိ ခဲ့ပြီးနောက် ရှေးလူများအနေဖြင့် ၎င်းတို့ ချက်နေ သည့် တိရစ္ဆာန်အသားမှ သဘာဝအလျောက် အဆီ များ ထွက်ရှိလာသည်ကို တွေ့ရှိခဲ့ခြင်းမှ ဆီအသုံးပြု မှု စတင်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းအပြင် ချက်ပြုတ် ရန်အတွက် ကျောက်တုံး၊ ရွှံ့နှင့် အခြားသောပစ္စည်း များမှ မြေထည်ပစ္စည်းများကို ပြင်ဆင်လာကြ သကဲ့သို့ တစ်ချိန်တည်းမှာပင် ရှေးလူကြီးများမှ တိရစ္ဆာန်မှရသည့် ဆီအပူများကို ပြာများဖြင့် ရောစပ်၍ ဆပ်ပြာအဖြစ် အသုံးပြု၍ရသည်ကို ရှာဖွေတွေ့ရှိခဲ့သည့် အချိန်လည်းဖြစ်ပေသည်။ ၁၉ ရာစုတွင် တိရစ္ဆာန်မှရသောဆီများဖြင့် ချက်ပြုတ် စားသုံးခဲ့သည့် လူသားများအနေဖြင့် နှလုံး သွေးကြောဆိုင်ရာရောဂါဖြစ်ပွားခြင်းမှာ (အစေ့ အဆန်မှရသော ဆီများအသုံးပြုချိန်မတိုင်မီထိ) မရှိ သလောက် နည်းပါးသည်ကို အံ့ဖွယ်သိရှိခဲ့ရပေသည်။
သုတေသနပြုမှုများအရ လူသားတို့အနေဖြင့် ချက်ပြုတ်ရန်အတွက် ဆီအသုံးမပြုမီကပင် မီးကင် သည့်နည်းလမ်းဖြင့် စားသုံးခဲ့ကြကြောင်း လေ့လာ သိရှိရပါသည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကပင် အသားများအား မီးကင်၍ စားသုံးသည့် နည်းလမ်းမှာ ပထမဆုံးသော ချက်ပြုတ်နည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လူများအနေဖြင့် ပြည့်ဝဆီ၊ အစေ့အဆန်မှ ရရှိသောအဆီ၊ ဟင်းသီးဟင်းရွက်ဆီ စသည်ဖြင့် ဆီအမျိုးမျိုးကို အသုံးပြုလျက်ရှိရာ ယနေ့ကာလ အတွင်း ကျန်းမာရေးနှင့်ညီညွတ်ပြီး အများအသုံးပြု လျက်ရှိသည့် နေကြာဆီထုတ်လုပ်မှုကို လေ့လာ တင်ပြလိုက်ပါသည်။
နေကြာဆီထုတ်လုပ်မှုလုပ်ငန်းစဉ်
နေကြာစေ့မှာ ၄၅ ရာခိုင်နှုန်း မှ ၅၄ ရာခိုင်နှုန်း အဆီပါဝင်မှုရှိသည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ရွှေရောင်အဆင်း၊ ကြည်လင်ပြီး အနံ့အရသာရှိသည့် နေကြာဆီမှာ လူကြိုက်များသည့် စားသုံးဆီတစ်မျိုး လည်း ဖြစ်ပါသည်။ နေကြာဆီတွင် Linoleic Acid နှင့် မရှိမဖြစ်လိုအပ်သည့် မပြည့်ဝအဆီ အက်စစ် (Monounsaturated Fatty Acid-MUFA) တို့ များစွာပါဝင်ပါသည်။ နေကြာဆီသည် အသားအရေ ကျန်းမာမှုကို ကာကွယ်ရန်အတွက် လူ့ဆဲလ်များ ပြန်လည်ဖြစ်ပွားမှုကို မြှင့်တင်ပေးပြီး သွေးထဲရှိ ကိုလက်စထရောများ ထွက်ခြင်းကိုလည်း လျှော့ချ ပေးသည့် အဆင့်မြင့်အာဟာရအဆီ တစ်မျိုးပင် ဖြစ်ပါသည်။ နေကြာဆီထုတ်လုပ်သည့် အဓိက ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို မိတ်ဆက်တင်ပြလိုပါ သည်။
နေကြာစေ့များအား Pretreatment နှင့်
Pre-Pressing ဆောင်ရွက်ခြင်းကဏ္ဍ
နေကြာစေ့သည် အဆီပါဝင်မှုမြင့်မားသဖြင့် နေကြာဆီပြုလုပ်ရန်အတွက် Pre–Pressing ကဏ္ဍ မှာ မရှိဖြစ်လိုအပ်ပါသည်။ စက်ပစ္စည်းများဖြင့် နေကြာစေ့များကို အကောင်းဆုံးအခြေအနေ ရအောင် ချိန်ညှိပြီးနောက် နေကြာဆီ စစ်ထုတ် သည့်အပိုင်းသို့ ရောက်ရှိရန်အတွက် Pre-Pressing ဆောင်ရွက်ရခြင်းပင် ဖြစ်ပါသည်။ နေကြာစေ့များ ကို သန့်စင်၍ အခွံချွတ်ခြင်း၊ အစေ့အဆန်နှင့် အခွံ ကွဲပြားအောင် ဆောင်ရွက်ခြင်း၊ အဆင်သင့် ချက်နိုင်သည့် အနေအထားဖြစ်စေရန် Flaking ပြုလုပ်ခြင်း၊ ချက်ပြုတ်ခြင်းတို့ ဆောင်ရွက်ပြီး နောက် Pre-Pressing အဆင့်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
နေကြာဆီ စစ်ထုတ်သည့်ကဏ္ဍ
နေကြာဆီစစ်ထုတ်သည့် ကဏ္ဍအနေဖြင့် Pre-Pressing ဆောင်ရွက်ပြီးနောက် ရရှိလာသည့် နေကြာစေ့ကြိတ်ဖတ် (Sunflower Seeds Cakes) များမှ အဆီအများဆုံး ထုတ်ယူရာတွင် အသုံးပြု ခြင်းဖြစ်ပါသည်။ စစ်ထုတ်ယူသည့်စက်များ ကောင်း မွန်သည့်အလျောက် ကြိတ်ဖတ်များတွင် ၁ ရာခိုင် နှုန်းနှင့်အောက် ကျန်သည်အထိ ထုတ်ယူနိုင်ပါ သည်။
နေကြာဆီသန့်စင်သည့်ကဏ္ဍ
အဆီညှစ်ထုတ်ကာ အဆင့်ဆင့်ဆောင်ရွက် လာပြီး ရရှိလာသည့် သန့်စင်ခြင်းမရှိသေးသော သဘာဝနေကြာဆီကို Refiner ဖြင့် ပရိုတင်း၊ ဖော့စဖိုလစ်ပဒ်၊ ဆိုးဆေးအရောင်ဓာတ်၊ ဖယောင်း စသည့် အန္တရာယ်ရှိ အညစ်အကြေးများ၊ အသုံးမဝင် သည့် ပါဝင်ပစ္စည်းများနှင့် အခြားသော အညစ် အကြေးများကို ဖယ်ထုတ်ကာ အစားအသောက်နှင့် သိမ်းဆည်း၍ရနိုင်သည့် စံနှုန်းအထိ ရောက်ရှိအောင် သန့်စင်ပေးပါသည်။
နိဂုံး
အချုပ်ဆိုရသော် သန့်စင်ပြီး နေကြာဆီမှ ကိုလက်စထရောထွက်ရှိမှုကို လျှော့ချပေးနိုင်သဖြင့် နှလုံးကျန်းမာရေးကို တိုးတက်စေခြင်း၊ အသား အရေ၊ ဆံသားကျန်းမာရေးကို ကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း၊ အဆစ် ရောင်ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိ နိုင်ကြောင်းကို လေ့လာတွေ့ရှိရပါသည်။ သို့သော် အသုံးပြုပြီး နေကြာဆီကို အကြိမ်ကြိမ် အဖန်ဖန် ထပ်ခါတလဲ အသုံးပြုမည်ဆိုပါက ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း လေ့လာသိရှိရပါ သည်။ သို့ဖြစ်၍ တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း သင့်တင့်လျောက်ပတ်စွာ စားသုံးခြင်းဖြင့် မိမိ၏ ကျန်းမာရေး၊ မိသားစုများ၏ ကျန်းမာရေးကို အသိ၊ သတိဖြင့် ကာကွယ်စောင့်ရှောက်ကာ သက်ရှည် ကျန်းမာစွာနေထိုင်သင့်ပါသည်။
ကိုးကားနှင့် ဓာတ်ပုံ
Internet
- Log in to post comments