
ဂျကာတာ ဧပြီ ၂၀
တီမောလက်စ်တေ သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဂျိုဆေး ရာမော့စ်ဟော်တာသည် မဲအသာ ဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
မဲများ ရေတွက်ပြီးချိန်တွင် သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဂျိုဆေးရာမော့စ် ဟော်တာသည် ထောက်ခံမဲ ၆၂ ရာခိုင်နှုန်း ရရှိထားကြောင်း ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က ဧပြီ ၂၀ ရက်က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
အာရှ၏ အငယ်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော တီမော လက်စ်တေ၌ ဧပြီ ၁၉ ရက်က ဒုတိယနှင့် နောက်ဆုံးအကျော့ သမ္မတရွေးကောက်ပွဲကို ကျင်းပ ခဲ့ရာ သမ္မတရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဂျိုဆေး ရာမော့စ်ဟော်တာနှင့် လက်ရှိ သမ္မတ ဖရန်စစ္စကိုဂူတာရက်စ်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ပြည်တွင်း သတင်းများတွင် ဖော်ပြထားသည်။
လူဦးရေ ၁ ဒသမ ၃ သန်း ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော တီမောလက်စ်တေ၏ သမ္မတ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၈၆၀၀၀၀ မဲပေးခဲ့ကြသည်။
လွန်ခဲ့သောလ ပထမအကျော့ ဆန္ဒမဲခံယူပွဲတွင် ရာမော့စ်ဟော် တာသည် ထောက်ခံမဲ ၄၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထောက်ခံမဲ ၂၂ ဒသမ ၁ ရာခိုင်နှုန်းသာရှိသော ဂူတားရက်စ်ကို ကျော်လွန်ခဲ့ ကြောင်း ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်လိုက်သော သတင်း အချက်အလက်များအရ သိရ သည်။
တီမောလက်စ်တေတွင် သမ္မတ ရွေးကောက်ပွဲကို မတ် ၁၉ ရက်က ကျင်းပခဲ့သည်။
ဆင်ဟွာ