
နယူးယောက် ဧပြီ ၂၀
အီစတာပွဲတော် ကျင်းပချိန်တွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးစင်္ကြံ လမ်းဖွင့်နိုင်ရန် ယူကရိန်း၌ ဖြစ်ပွားနေသော တိုက်ပွဲ များကို လေးရက်ကြာ ရပ်ဆိုင်း ပေးရန် ကုလသမဂ္ဂအတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ဧပြီ ၁၉ ရက်တွင် တိုက်တွန်း ပြောကြားလိုက်သည်။
ယူကရိန်းအရှေ့ပိုင်း၌ တိုက်ပွဲ ပြင်းထန်နေချိန်တွင် အီစတာ ပွဲတော်ချိန်လည်း နီးကပ်လာပြီ ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ စစ်ရပ်ဆိုင်းခြင်းသည် အရေး အကြီးဆုံးကိစ္စ ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားလိုက် သည်။
တောင်းဆိုထားသော ယာယီတိုက်ပွဲရပ်ဆိုင်းချိန်အတွင်း အရပ် သားများကို ဘေးလွတ်ရာသို့ ရှောင်ရှားနေထိုင်ရန်နှင့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိသော မာရီပိုးလ်၊ ဒိုးနက်၊ လူဟန့်နှင့် ခါဆန်ဒေသ များသို့ ဖြန့်ဝေပေးမည်ဖြစ် ကြောင်း ဂူတာရက်စ်က ပြောကြားလိုက်သည်။
အဆိုပါဒေသရှိ လူပေါင်း လေးသန်းကျော် အကူအညီလိုအပ် လျက်ရှိကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိက ပြောကြား လိုက်သည်။
လေးရက်ကြာ အီစတာ ပွဲတော်ကာလသည် အသက်များ ကိုကယ်တင်ရန်နှင့် ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် စုစည်း လုပ်ဆောင်ရမည့် အချိန်အခိုက် အတန့်ဖြစ်ကြောင်း ဂူတာရက်စ် က ပြောကြားလိုက်သည်။
ဆင်ဟွာ