ခြောက်လတာကာလအတွင်း ကော့သောင်းမြို့မှ ရနောင်းမြို့သို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိ

 

ကော့သောင်း    ဧပြီ    ၂၀


တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ   နယ်စပ်ဂိတ်များအနက် ကော့သောင်း - ရနောင်းနယ်စပ် ဂိတ်မှ      ရေထွက်ကုန်ပစ္စည်း အများဆုံး   တင်ပို့နိုင်ခဲ့ကြောင်း ကော့သောင်းခရိုင်    ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

 


မြန်မာ  -   ထိုင်းနယ်စပ်  ကုန် သွယ်ရေးဂိတ်ဖြစ်သည့်   မြန်မာ နိုင်ငံ ကော့သောင်းမြို့မှ    ထိုင်း နိုင်ငံ ရနောင်းမြို့သို့  ၂၀၂၁  ခုနှစ် အောက်တိုဘာမှ     ၂၀၂၂    ခုနှစ် မတ်လအကုန်အထိ     ခြောက်လတာကာလ အတွင်း  ရေထွက်ကုန်ပစ္စည်း     တင်ပို့မှုမှ    အမေရိကန် ဒေါ်လာသန်း  ၁၆၀ ကျော် ရရှိခဲ့ ကြောင်း  သိရသည်။ 

 


ကော့သောင်းမြို့မှ ရနောင်းမြို့သို့ ရေထွက် ကုန်ပစ္စည်းများ တင်ပို့ရာတွင် ရေလမ်းခရီး တစ်ခုတည်းဖြင့်သာ    အဓိက    တင်ပို့နိုင်ပြီး လှိုင်းဖြူငါးသယ်ရေယာဉ်များဖြင့်      နေ့စဉ်     တင်ပို့ပေးနေရကြောင်း သိရသည်။

 


“ငါး၊  ပုစွန်ရေထွက်ပစ္စည်း   စုစုပေါင်း  တန်ချိန်က ၁၆၁၂၈၃ တန်၊ ပို့ကုန်တန်ဖိုးက  အမေရိကန်ဒေါ်လာ ၁၆၀ ဒသမ ၃၄၇၉ သန်း ရရှိခဲ့ပါတယ်။ ဒါက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁   ရက်မှ  ၂၀၂၂ ခုနှစ်   မတ်လအထိ တင်ပို့ ပေးထားတဲ့     ကိန်းဂဏန်း   ဖြစ်ပါတယ်။ ကော့သောင်းနယ်စပ်ဂိတ်အနေနဲ့   တနင်္သာရီ တိုင်းဒေသကြီးက ရေထွက်ပစ္စည်းတွေ ပို့တာ ရှိသလို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နဲ့    မွန်ပြည်နယ်ဘက်က   ငါးဖမ်းလှေတွေ ဆီကနေ သွားရောက်ယူဆောင်ပြီး တင်ပို့တာ တွေလည်း   ရှိပါတယ်”  ဟု  ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး  ဦးတင်ထွဋ်က   ပြောကြားသည်။

 


ကိုဗစ်- ၁၉    ကပ်ရောဂါ    ဖြစ်ပွားပြီး    နောက်ပိုင်းတွင် ရေထွက်ကုန်ပစ္စည်း     တင်ပို့ ရန်အတွက် ကော့သောင်းနယ်စပ်ဂိတ်ဘက်သို့    ဝင်ရောက်မှု     များလာ​သော်လည်း    ယခုနှစ်   တင်ပို့နိုင်မှုနှုန်းထားမှာ     ယခင်နှစ်ကထက် အနည်းငယ် လျော့နည်းမှုရှိကြောင်း သိရသည်။

 


“ပြီးခဲ့တဲ့နှစ်  ခြောက်လအတွင်းမှာ  တင်ပို့ နိုင်မှု  နှိုင်းယှဉ်မယ်ဆိုရင် ကုန်ချိန်က ၁၈၀၀၀ ကျော်လောက်     လျော့သွားတယ်။    တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ  ၁  ဒသမ  ၂၄၅  သန်းလောက်တော့  လျော့သွားပါတယ်”  ဟု ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးက  ဆက်လက် ပြောကြားသည်။

 

 
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက် ရာသီသုံးလဖြစ်သည့် ဧပြီလ၊ မေလနှင့် ဇွန်လ များတွင် ငါးတင်ပို့မှုနှုန်း  လျော့နည်းသွားနိုင် သော်လည်း ကော့သောင်းခရိုင်မှာ   ကမ်းနီး ရေလုပ်ငန်းကို    အဓိက   မှီခိုလုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း   သိရသည်။ ကော့ သောင်းခရိုင်တွင်   လိုင်စင်ရှိသည့်    ကမ်းနီး ငါးဖမ်းလှေအစင်းရေ  ၂၀၀၀   ခန့်ရှိ​ကြောင်း   သိရသည်။            
                  

မြင့်ဦး(မြိတ်)