တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း


 

နေပြည်တော်   ဧပြီ   ၁၉
တပ်မတော်(ကြည်း၊ရေ၊ လေ)   အရာရှိ၊   စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့်  စေတနာရှင် အလှူ ရှင်များက   မြို့နယ်အသီးသီးရှိ    ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ နှင့်  ဘာသာရေးကျောင်းများသို့  ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ  အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊       နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်    ကျန်းမာရေးစစ်ဆေးပေးခြင်းများကို   ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)  မိုင်းနောင်မြို့နယ်ရှိ  သီရိနန္ဒဝတီ ကုန်းတော်   ဘုန်းတော်ကြီးကျောင်းနှင့်   မင်္ဂလာ ရန်အောင်ဘုန်းတော်ကြီးကျောင်း၊   ရှမ်းပြည်နယ် (အရှေ့ပိုင်း)    မိုင်းဆတ်မြို့ရှိ   အောင်မင်္ဂလာတပ်ဦး ကျောင်း၊     ဇေယျသုခဘုန်းတော်ကြီးကျောင်းနှင့် ပါဘောဘုန်းတော်ကြီးကျောင်း၊  မွန်ပြည်နယ်  သထုံ မြို့ရှိ  ပုဗ္ဗါရုံပရိယတ္တိစာသင်တိုက်၊   ဧရာဝတီတိုင်း ဒေသကြီး   ပုသိမ်မြို့ရှိ  မဟာရန်ကင်းတောင်ကျောင်း တိုက်နှင့်   ရေကြည်မင်္ဂလာကျောင်းတိုက်၊  မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာရှိ  ဓမ္မမာမကကျောင်းတိုက် တို့မှ ဆရာတော်၊ သံဃာတော်များနှင့်  သာသနာ့နွယ် ဝင်သီလရှင်များအတွက်   ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊ ပဲ အမယ်လေးမျိုး၊  နဝကမ္မအလှူငွေများ၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်  လှူဖွယ်ပစ္စည်းများကို   သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့်  တာဝန်ရှိသူ များက        သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး   ဆေးအဖွဲ့များက         လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ        ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။                  သတင်းစဉ်