လင်းခေးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

 

လင်းခေး   ဧပြီ   ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန         နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနအနေဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ  တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်အတွင်း ၂၀၂၁-၂၀၂၂   ဘဏ္ဍာနှစ်    နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့်  ကျောက်လမ်း  ၂ မိုင် ၁ ဖာလုံ၊ ကွန်ကရစ် လမ်း ပေ ၂၈၀၀၊ ကွန်ကရစ် တံတား သုံးစင်း၊ မြောင်းကူးတံတား နှစ်စင်းနှင့် အုတ်ရေကန် တစ်ကန် တည်ဆောက်ခြင်းလုပ်ငန်း များကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ်  ၅၇၇ ဒသမ ၂၀၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေး ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။                                 
      သတင်းစဉ်