စက်သုံးဆီနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့ ပြည်တွင်းမှာအသုံးပြုဖို့အတွက် စက်သုံးဆီအလုံအလောက်ရှိကြောင်း အသိပေးပြောကြား

 

စက်သုံးဆီကိစ္စ ပြန်ကြားချက်ထုတ်ပြန်

 

နေပြည်တော်   ဧပြီ     ၁၉
ဒီကနေ့  လူမှုကွန်ရက်စာမျက်နှာများမှာ  ရေးသားဖော်ပြလျက်ရှိသည့်  စက်သုံးဆီများကိစ္စနှင့်ပတ်သက်ပြီး   လတ်တလောဖြစ်ပေါ်နေသော   ကောလာဟလများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပြောကြား ထားပါတယ် - - -
ဗိုလ်ချုပ်  ဇော်မင်းထွန်းက    “စက်သုံးဆီကိစ္စနဲ့     ပတ်သက်ပြီး     ကောလာဟလတွေ   ထွက်နေတာ ရှိပါတယ်။  အဲဒီကောလာဟလတွေကို     မသမာတဲ့ မီဒီယာအချို့က  ပြန်ပြီးဖြန့်နေတဲ့အတွက်ကြောင့်   အချို့ နေရာတွေမှာ   ဆီဆိုင်တွေပိတ်တာနဲ့  ဆီရှားပါးတဲ့  အခြေအနေတွေ  ဖြစ်ပေါ်နေပါတယ်။ တိုင်းပြည်အတွင်းမှာ အသုံးပြုဖို့အတွက် စက်သုံးဆီ တွေကို    လုံလောက်တဲ့ပမာဏ      တင်သွင်းထားပြီးဖြစ်တဲ့အတွက် စက်သုံးဆီ အလုံအလောက်ရှိပြီးဖြစ်တယ်လို့ ပြောချင်ပါတယ်။ အရင် တုန်းကဆိုရင်တော့ စက်သုံးဆီဘယ်နှရက်စာ အလုံအလောက်ရှိပါ တယ်ဆိုပြီး  ရက်နဲ့ပဲပြောတာဖြစ်ပါတယ်။  အခုလက်ရှိမှာကတော့ အရင်တုန်းက ရှိနေတဲ့ပမာဏထက်ပိုပြီး ရှိနေပါတယ်။ အဓိကပြဿနာ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေါ်လာတွေ ရောင်းချပေးထားတာရှိတယ်။ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အခုနောက်ပိုင်းမှာ ၁၈၅၀  ဈေးနဲ့ ရောင်းချခိုင်းတယ်။ အဲဒီလိုရောင်းချခိုင်းတဲ့အချိန်မှာ သူတို့အနေနဲ့  ဒေါ်လာနောက်ထပ်လည်း     မပေးနိုင်တော့ဘူး။    ဒါကြောင့်    ဒီဈေးနဲ့ မရောင်းချချင်တဲ့အတွက် ဆီတွေမရှိတော့ဘူးဆိုတဲ့ ကောလာဟလ တွေကို    ဖြန့်နေတာဖြစ်ပါတယ်။   ဒါနဲ့ပတ်သက်ပြီး  ကျွန်တော်တို့ အနေနဲ့ သက်ဆိုင်တဲ့သူတွေကို အသိပေးတာတွေ၊ သတိပေးတာတွေ  ဆောင်ရွက်နေပါတယ်။   ဒါ့အပြင်  ပုံမှန်ရောင်းဝယ်နေကျအတိုင်းပဲ စက်သုံးဆီတင်သွင်းရောင်းချနေသူတွေကို   ဒေါ်လာရောင်းချပေးတဲ့ အစီအစဉ်အနေနဲ့    ခွင့်ပြုချက်ရထားပြီးသားသူတွေကို    မနက်ဖြန် ရောင်းချပေးမှာဖြစ်ပါတယ်။   ကုမ္ပဏီအသီးသီးက      တင်သွင်းလာတဲ့ စက်သုံးဆီတွေကလည်း  မြန်မာနိုင်ငံထဲဝင်ရောက်လာမယ့်   လမ်းမှာ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို စက်သုံး ဆီနဲ့ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့ ပြည်တွင်းမှာအသုံးပြုဖို့အတွက် စက်သုံးဆီအလုံ အလောက်ရှိတယ်ဆိုတဲ့အကြောင်းကို    ထပ်မံပြီးတော့     အသိပေး ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။     
                 သတင်းစဉ်