နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး

 

 

 

နေပြည်တော် အောက်တိုဘာ ၂၉

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီ လျှို့ဝှက်ဆန္ဒမဲပေးပြီး ယာယီ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းသည်။

 

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲဆန္ဒနယ်ပြင်ပသို့ ပုံစံ - ၁၅ ထုတ်ပေးမှုနှင့် ဆန္ဒမဲပေးပြီးကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးရန် ပုံစံ - ၁၅ ဖြင့် လျှောက်ထားသူ ၄၈၂ ဦးရှိပြီး ၁၁၇ ဦးမှာ ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကာ ယနေ့တွင် ၂၂ ဦး ကြိုတင်ဆန္ဒမဲပေးကြမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်