မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၆၆၂၃ ဦး ထပ်မံတွေ့ရှိ


 

ကွာလာလမ်ပူ   ဧပြီ   ၁၈
မလေးရှားနိုင်ငံ၌   ဧပြီ   ၁၇  ရက်    သန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉   ထပ်မံကူးစက်ခံရသူ    ၆၆၂၃    ဦး   တွေ့ရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်းမှာ ၄၃၈၉၀၂၅ ဦး ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
မလေးရှားနိုင်ငံ၌    ကိုဗစ်-၁၉     ထပ်မံကူးစက်ခံရသူများ အနက်  ၁၃ ဦးမှာ ပြည်ပပြန်ကူးစက်ခံရသူများဖြစ်ပြီး ၆၆၁၀ မှာ ပြည်တွင်း ကူးစက်ခံရမှုများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖော်ပြချက်များအရ သိရသည်။
မလေးရှားနိုင်ငံ၌   ကိုဗစ်-၁၉  ရောဂါဖြင့်  ထပ်မံသေဆုံးသူ ၁၂ ဦးရှိလာသဖြင့် စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၃၅၄၂၁  ဦး ရှိလာပြီဖြစ်သည်။ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ ၁၁၂၃၃ ဦး ထပ်မံရှိလာသဖြင့် စုစုပေါင်း ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၄၂၄၉၇၀၄ ဦး ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံနေရသူ ၁၀၃၉၀၀ ရှိပြီး ၁၂၆ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေရကာ ၇၆ ဦးမှာ အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ်နေကြောင်း  သိရသည်။  မလေးရှားနိုင်ငံအတွင်း ဧပြီ ၁၇ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၆၀၁၈၄ လုံး ထိုးနှံ ပေးခဲ့သည်။                       ဆင်ဟွာ