
တိုကျို ဧပြီ ၁၈
ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၄၇၉ ဦး ထပ်မံ တွေ့ရှိလာကြောင်း တိုကျိုမြို့တော် အစိုးရက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါပမာဏမှာ ပြီးခဲ့သည့် ရက်သတ္တပတ် ကထက် ၁၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဧပြီ ၁၈ ရက်က ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိကြောင်း အာဏာပိုင်များက ထုတ်ပြန် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားနေရပြီး ECMO နှလုံး- အဆုတ်အထောက်အကူပြု စက် တပ်ဆင်ထားရသူ အရေအတွက်မှာ ဧပြီ ၁၇ ရက်က နှစ်ဦးမှ ၁၅ ဦးအထိ လျော့နည်းသွားကြောင်း သိရသည်။
တိုကျိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှာ အကျဘက်သို့ ဦးတည်နေသော်လည်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ အရေ အတွက်မှာ ဆက်လက်မြင့်မားနေသေးကြောင်း အာဏာပိုင်များက ပြောကြားသည်။ တိုကျိုမြို့တွင် နေထိုင်သူများကို ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအား ဆက်လက်လိုက်နာရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ နေ့စဉ် ကူးစက်ခံရသူ အရေ အတွက်မှာ ၂၄၂၅၈ ဦးရှိပြီး အဆိုပါပမာဏမှာ ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် ၈၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရ သည်။ အင်န်အိတ်ချ်ကေ