
နေပြည်တော် ဧပြီ ၁၇
(၁၄)ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ် ကြီး အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဂေါပကအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ် ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြု သော ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော် များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညို ကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများကဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေး မြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ်ကြီးထံမှ အနုမောဒနာတရား နာကြား ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ် ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များက ကမ္ဘာသူ ကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသား များ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းရှင်း စေရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပြီး ပရိတ်ရေများဖျန်းပက်ကာ မေတ္တာပို့သကြသည်။ (အပေါ်ပုံ) သတင်းစဉ်