ဘားအံမြို့၌ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နိုင်ငံပိုင်တက်နေဝင်းအဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ဘားအံ    ဧပြီ   ၁၇


ကရင်ပြည်နယ်အစိုးရအဖွဲကကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်     ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ   အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊      ပြည်နယ် အဆင့်  ဌာနဆိုင်ရာအကြီးအကဲ များက အခမ်းအနားသို့တက်ရောက် လာသော သက်ကြီးအဘိုးအဘွား များအား လှူဖွယ်ပစ္စည်းနှင့် ပူဇော် ကန်တော့ငွေများ ပေးအပ်လှူဒါန်း ကြပြီး အဘိုး အဘွားများကိုယ်စား အဘိုးတစ်ဦးက     ဆုံးမဩဝါဒ စကားပြောကြားကာ ဗုဒ္ဓသာသနံ စိရတိဋ္ဌတု       သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းသည်။

 


ယင်းနောက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကရင်ပြည်နယ်ဇီဝိတ ဒါန   ငါးလွှတ်ပွဲကို   ဘားအံမြို့ ဇွဲကပင်ခန်းမရှေ့     ကန်သာယာ ရေပြင် Decking ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊       ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊   ပြည်နယ်၊   ခရိုင်၊ မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊  သက်ကြီး  အဘိုး  အဘွားများက  နှစ်လက်မအောက်ခံ    အရွယ်ရှိ ငါးခုံးမကြီးကောင်ရေ တစ်သိန်းကို ကန်သာယာအတွင်းသို့  ဇီဝိတဒါန  ငါးလွှတ်ပေးခဲ့ကြသည်။

 


ဆက်လက်၍         ဘားအံမြို့ နိုင်ငံပိုင်တက်နေဝင်း အဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲကို နံနက် ၁၀ နာရီ ခန့်က     အဆိုပါ  ရုပ်ရှင်ရုံရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်    ပြည်နယ် အစိုးရအဖွဲ့ဝင်များက   နိုင်ငံပိုင် တက်နေဝင်း     ရုပ်ရှင်ရုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရုပ်ရှင်ရုံ  ဆိုင်းဘုတ်ကို     စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် ရုပ်ရှင်ရုံအတွင်း လှည့်လည်ကြည့်ရှု    စစ်ဆေးကာ  နိုင်ငံပိုင် တက်နေဝင်းအဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲအဖြစ်   ပြသသည့် “ဝေးမနေချင်ဘူး”   ရုပ်ရှင်ဇာတ် ကားအား ကြည့်ရှု အားပေးသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)