
နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ ပြုလုပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရေကစားမဏ္ဍပ်ပိတ်ပွဲများကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ စုပေါင်းအတာရေသဘင်မဏ္ဍပ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဗဟိုရေကစား မဏ္ဍပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မိသားစု ရေကစားမဏ္ဍပ်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရှိ ရေကစားမဏ္ဍပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်ရှိ မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာန ချုပ်ရှိ ရေကစားမဏ္ဍပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရှိ ရေကစားမဏ္ဍပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်ရှိ ရေကစားမဏ္ဍပ်(ယာပုံ)၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်ရှိ ရေကစားမဏ္ဍပ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ရှိ ရှုခင်းသာဗဟိုမဏ္ဍပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ရေကစားမဏ္ဍပ်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် ရေကစားမဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်တို့၌ ပြုလုပ်ကြရာ သင်္ကြန်ယိမ်း ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင် များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်