စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ (၁၂-၅-၂၀၂၂) ရက်နေ့ဖွင့်လှစ်မည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန 
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် 
ကြေညာချက်

 


ဘွဲ့ကြို ၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး တက်ရောက်ခွင့်ရရှိသူများ ပထမနှစ်(Semester I)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက်ရောက်ဆဲ ပထမနှစ်သင်တန်း (Semester II) နှင့် ၂၀၂၂ ပညာသင်နှစ် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်း များအားလုံးကို ၁၂ - ၅ - ၂၀၂၂ ရက်၊ (ကြာသပတေးနေ့)မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၂၀၂၂ ပညာ သင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ စာရင်းကို www.yau.edu.mm/category/news တွင် ကြေညာထားမည် ဖြစ်ပါသည်။ 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်