မွန်ဂိုလီးယားနိုင်ငံသည် ၂၀၃၃ ခုနှစ်တွင် နိုင်ငံလူဦးရေ လေးသန်းရောက်ရှိရန် မျှော်မှန်း


 

အူလန်ဘာတာ   ဧပြီ  ၁၁
မွန်ဂိုလီးယားနိုင်ငံ၏  လူဦးရေ သည် ၂၀၃၃ ခုနှစ်တွင် လေးသန်း နှင့် ၂၀၄၈ ခုနှစ်တွင် ငါးသန်းအထိ ရောက်ရှိရန်     မျှော်မှန်းထား ကြောင်း မွန်ဂိုလီးယားအမျိုးသားစာရင်းအင်းရုံး (NSO) က ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။ 
မွန်ဂိုလီးယားနိုင်ငံသည် ကုန်း မြေ ဧရိယာ ၁၅၆၄၁၁၆ စတုရန်း ကီလိုမီတာနှင့် လူဦးရေ ၃ ဒသမ ၄   သန်းရှိကြောင်း   သိရသည်။ ထို့ကြောင့်   မွန်ဂိုလီးယားနိုင်ငံ သည်  ကမ္ဘာပေါ်တွင်  လူဦးရေ အနည်းပါးဆုံးနိုင်ငံ   တစ်နိုင်ငံ  ဖြစ်ကြောင်း  သိရသည်။  ၂၀၂၀ အမျိုးသား      လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကို အခြေခံပြီး လူဦးရေ တိုးပွားလာမှု ဆိုင်ရာ            နောက်ဆုံးစစ်တမ်း ကောက်ယူမှုဖြစ်ကြောင်း  NSO တွင် ဖော်ပြထားသည်။
မွန်ဂိုလီးယား     အမျိုးသား စာရင်းအင်းရုံးအရ မွန်ဂိုလီးယား နိုင်ငံ၏ လူဦးရေသည် ၁၉၆၂ ခုနှစ် တွင် တစ် သန်း ရောက်ရှိခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်   နှစ်သန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် တွင် သုံးသန်းသို့  ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။ 
မွန်ဂိုလီးယားနိုင်ငံတွင် ပျမ်းမျှ သက်တမ်းမှာ    အမျိုးသမီးများ အတွက် ၇၀ ဒသမ ၈နှစ်နှင့် အမျိုး သားများအတွက် ၆၀ ဒသမ ၆နှစ် ရှိကြောင်း သိရသည်။ မွန်ဂိုလီးယား အစိုးရသည် ၂၀၂၄ ခုနှစ် မတိုင်မီ တွင်  သက်တမ်းကွာဟချက်ကို ငါးနှစ်အထိလျှော့ချရန် ရည်ရွယ် ထားကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏    အဆိုအရ  သိရသည်။                      
ဆင်ဟွာ