
ဖနွမ်းပင် ဧပြီ ၁၁
လာမည့်နှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပမည့် (၃၂) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲကို အားကစားနည်း အမျိုးအစား ပေါင်း ၄၀ ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဆီးဂိမ်းကျင်းပရေး ကော်မတီက ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။
ဧပြီ ၁၁ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ အနောက်မြောက်ပိုင်းရှိ စိရမ်ရိဒ်ပြည်နယ်တွင် အဆုံးသတ် ခဲ့သော သုံးရက်ကြာ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေး၌ အရှေ့ တောင် အာရှအားကစား အဖွဲ့ချုပ် ကောင်စီက ဒေသတွင်းပြိုင်ပွဲ အတွက် အဆိုပါ အားကစားနည်း အမျိုးအစားပေါင်း ၄၀ ကို အတည် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လာမည့်နှစ်တွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ကမ္ဘောဒီးယား အမျိုးသား ကိုယ်ခံပညာ အား ကစားနည်း တစ်ခုဖြစ်သည့် ကွန်ဘိုကာတာကို ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ မည့် အဆိုပါအားကစားနည်း အရေအတွက်သည် ၁၉၇၇ ခုနှစ် နောက်ပိုင်း အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် နိုင်ငံများတွင် အားကစားနည်း အရေအတွက် အများဆုံးဖြစ်လာမည်လည်း ဖြစ် သည်။ ဘရူနိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့သည် ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ပြိုင်ပွဲများတွင် အားကစားနည်း ၂၁၊ ၃၂ နှင့် ၂၉ မျိုးသာ ထည့်သွင်းကျင်းပခဲ့ ကြောင်း သိရသည်။
သို့သော်လည်း ယခုနှစ် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း အမျိုးအစား ပေါင်း ၄၀ ကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
(၃၂) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိရန် ၆၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။ ဆင်ဟွာ