အာဖရိကတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၃၆၃၇၃၈ ဦးအထိရှိ

 

 

အဒစ်အဘာဘာ   ဧပြီ   ၁၁ 
အာဖရိကတွင်   ဧပြီ   ၁၀   ရက် ညနေပိုင်းအထိ     ကိုဗစ်-၁၉ အတည်ပြုလူနာ   အရေအတွက် ၁၁၃၆၃၇၃၈   ဦးအထိ   ရှိလာခဲ့ ကြောင်း     အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့်  ကာကွယ်ရေး ဌာန (အာဖရိက စီဒီစီ) က ပြော သည်။ 
အာဖရိကသမဂ္ဂ ကျန်းမာရေး အဖွဲ့က အာဖရိကတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၅၁၅၅၁ ဦး အထိ ရှိလာကြောင်းနှင့်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည် ကောင်းမွန်          လာသူပေါင်း ၁၀၇၂၅၉၀၄ ဦးအထိ ရှိလာခဲ့သည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊   အီဂျစ်နှင့်   လစ်ဗျား နိုင်ငံတို့သည် အာဖရိကတိုက်တွင်  ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံများ  ဖြစ်ကြောင်း အာဖရိက   စီဒီစီက  ဖော်ပြထား သည်။ 
တောင်အာဖရိက    သည် အာဖရိကတိုက်တွင်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု     အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်း  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ၃၇၃၁၂၄၇ ဦးရှိသည်။ ထို့နောက် မော်ရိုကိုတွင် ဧပြီ ၁၀ ရက် ညနေ ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ  ၁၁၆၃၉၆၂  ဦးအထိ ရှိလာခဲ့ပြီး      ဒုတိယကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုတွင်   တောင်အာဖရိကသည် ကိုဗစ်-၁၉      ကူးစက်ဖြစ်ပွားမှု အများဆုံး   ဒေသတစ်ခုဖြစ်ပြီး  အာဖရိကတိုက်၏ မြောက်ပိုင်းနှင့်  အရှေ့ပိုင်းဒေသများသည် ဒုတိယ အများဆုံး ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားရာ   ဒေသများ   ဖြစ်ကြ သည်။ အာဖရိကအလယ်ပိုင်း သည်    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှု အနည်းဆုံးဖြစ်သည်။
 ဆင်ဟွာ