၂၀၃၂ ခုနှစ် အိုလံပစ်ပွဲတော်အတွက်  ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့ကို ထုတ်ပြန်


 

ဆစ်ဒနီ    ဧပြီ     ၁၁
ဩစတြေးလျအိုလံပစ်ကော်မတီသည် ၂၀၃၂ ခုနှစ် ဘရစ္စဘိန်းတွင် တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မည့် အိုလံပစ်ပွဲတော်အတွက် ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ 
အိုလံပစ်ပြိုင်ပွဲကို      အိမ်ရှင်အဖြစ်    လက်ခံကျင်းပမည့်  ကွင်းစလန်းပြည်နယ်ဝန်ကြီးချုပ် အန်နာစတာ စီယာ  ပါလပ်စ်ဇူခ် က   ဩစတြေးလျဝန်ကြီးချုပ်နှင့်အတူ   ဧပြီ ၁၁ ရက်က ထိုသို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အိုလံပစ်ကျင်းပရေး ကော်မတီဘုတ်အဖွဲ့ကို ဩစတြေးလျ စီးပွားရေးနှင့် အားကစား နယ်ပယ်တွင် ထင်ရှားသူ  ငါးဦးဖြင့်  ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါအဖွဲ့၏ အကြီးအကဲဖြစ်သူမှာ Dow Chemical မှ စီအီးအိုနှင့် ဥက္ကဋ္ဌဟောင်းဖြစ်သူ  အန်ဒရူး လီဗရစ်ဆိုသူဖြစ် ကြောင်း သိရသည်။ 
မြို့တော်ဘရစ္စဘိန်းတွင်  အိုလံပစ်ပြိုင်ပွဲအတွက် အားကစား ကွင်း လေးကွင်း ထပ်မံတည်ဆောက်သွားရန်    စီစဉ်ထားကြောင်း သိရသည်။  ဩစတြေးလျနိုင်ငံသည်     အိုလံပစ်ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်တွင်   မဲလ်ဘုန်းနှင့်  ၂၀၀၀  ပြည့်နှစ်တွင်  ဆစ်ဒနီတို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း   သိရသည်။   ယခုအကြိမ်ပြုလုပ်မည့်       အိုလံပစ်ပွဲတော်သည် ဘရစ္စဘိန်း၌  ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။                                                                                                    ဆင်ဟွာ