
နယူးယောက် ဧပြီ ၁၁
နယူးယောက်မြို့တော်ဝန် အဲရစ် အဒမ်သည် ဧပြီ ၁၁ ရက်က ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိခဲ့ ကြောင်း မြို့တော်ဝန်ရုံးက ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြလိုက်သည်။
မြို့တော်ဝန်တွင် တခြား ရောဂါလက္ခဏာများ မတွေ့ရှိရ ကြောင်း၊ သို့သော်လည်း ၎င်းသည် သီးသန့်ခွဲခြား စောင့်ကြည့်နေထိုင် သွားမည်ဖြစ်သည့်အပြင် ကျန်ရှိ နေသေးသည့် အများပြည်သူ အခမ်းအနားများကို ဖျက်သိမ်း ထားကြောင်းလည်း သိရသည်။
နယူးယောက် ဒေသခံများ အတွက် အခမဲ့ပေးဝေသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကာကွယ် ဆေးများကိုလည်း စတင်သုံးစွဲ သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နယူးယောက် ဒေသခံများကို လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်ဆေးများ အသုံးပြုရန် တိုက်တွန်းထားသည်။
အဒမ်သည် ဝါရှင်တန်ဒီစီ၊ ဂရီဒီဂွန်ကလပ်တွင် ကျင်းပ သော အခမ်းအနားတစ်ခုတွင် ပါဝင်ခဲ့သော်လည်း အကြိမ်ပေါင်း များစွာ စမ်းသပ်မှုများက ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဖော်ပြလျက်ရှိသည်ဟု အဒမ် ၏ ပြန်ကြားရေးတာဝန်ခံ ဖာဖီယန် လီဗီက ပြောကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် အမေရိကန်ပြည်ထောင်စု အရှေ့ မြောက်နှင့် အရှေ့ဘက် ကမ်းရိုး တန်းဒေသများတွင် တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ကြောင်း စာရင်း ဇယားများတွင် ဖော်ပြသည်။
အမေရိကန် အောက်လွှတ် တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီနှင့် အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ဂျန်ဆာကီအပါအဝင် အစိုးရအဆင့်မြင့်ပိုင်း အရာရှိများ တွင် မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ လွန်ခဲ့သောရက်က အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၂၈၅၁ ဦးရှိခဲ့မှုကြောင့် ယခု အခါတွင် နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ၈၀၄၀၀၀၀၀ အထိ ရောက်ရှိလာ ခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က သတင်းထုတ်ပြန် လိုက်သည်။ ဆင်ဟွာ