ပါကစ္စတန်အတိုက်အခံပါတီမှ ရှာရစ်ဖ်အား (၂၃) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် 


 

 

အစ္စလမ္မာဘတ်   ဧပြီ    ၁၁ 
ပါကစ္စတန်အတိုက်အခံပါတီမှ ပူးတွဲအမတ်လောင်းတစ်ဦးဖြစ်သူ ရှာဘတ် ရှာရစ်ဖ်အား (၂၃) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဧပြီ ၁၁ ရက်က ရွေးကောက်တင်မြှောက်ခဲ့ကြောင်း အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ 
ဝန်ကြီးချုပ်သစ်   ရွေးကောက်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်ညီလာခံဥက္ကဋ္ဌအဖြစ် ဆောင် ရွက်လျက်ရှိသော   ဆာဒါ  အာယက်ဇ်ဆာဒစ်က ရှာဘတ်ကို   အမတ်နေရာ   ၃၄၂   နေရာရှိသည့် လွှတ်တော်တွင် ၁၇၄ ဦးက မဲပေးခဲ့ကြောင်း  ပြော ကြားခဲ့သည်။ 
ပါကစ္စတန် တာရစ်ကီအင်ဆက်ဖ်ပါတီအမတ် လောင်းဖြစ်သူ ရှာမိုဟာမက်ကွတ်ရှီက ၎င်း၏ပါတီ သည်    မဲရလဒ်များကို    သပိတ်မှောက်သွားရန် ဆုံးဖြတ်ထားကြောင်းနှင့်   သူ့ပါတီမှ  လွှတ်တော် ဥက္ကဋ္ဌများကိုလည်း    နုတ်ထွက်ရန်    တိုက်တွန်း ထားသည်။ 
မတ် ၂၈ ရက်က အတိုက်အခံပါတီများက ယခင် ဝန်ကြီးချုပ်ဟောင်း    အင်မရမ်ခန်အပေါ်     အယုံ အကြည်မရှိ    အဆိုပြုချက်ကို    တင်သွင်းခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက် ထားသည့် ရှာဘတ်က သူ၏ပထမဆုံး နိုင်ငံမိန့်ခွန်း တွင်   ဝန်ကြီးချုပ်တစ်ဦးအပေါ်   အယုံအကြည်မရှိ အဆိုပြုချက်တင်သွင်းအောင်မြင်မှုသည် သမိုင်းတွင် ပထမဆုံးဖြစ်ကြောင်း ပြောကြားလိုက်သည်။ 
နိုင်ငံတစ်နိုင်ငံလုံးအတွက် အကြီးဆုံးအောင်မြင် မှုဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းများသည် အကောင်းဘက်သို့ စတင်ရောက်ရှိနေပြီဖြစ်ကြောင်း ရှာဘတ်က ပြောကြားလိုက်သည်။           ဆင်ဟွာ