အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက်  စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်လှူဒါန်း


 

နေပြည်တော်     ဧပြီ     ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက် ကြသူများအတွက် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်  တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့  ပေးအပ်လှူဒါန်းလျက်ရှိရာ   ယနေ့တွင်   ရန်ကုန်တိုင်းဒေသကြီး  မရမ်းကုန်းမြို့နယ်  အင်းစိန် လမ်းပေါ်ရှိ သမိုင်းဂျာမေဗလီတွင် ဥပုသ်ဝင်ရောက်သူ  ၂၀၀ ၊ တရားပေးဆရာ သုံးဦးနှင့် ဗလီအကျိုးတော် ဆောင်အဖွဲ့ဝင် ၁၀  ဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်