
နေပြည်တော် ဧပြီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (ခြောက်လ)ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် မိုင်းလုံးကျေးရွာအုပ်စု ဝမ်ပြန့်-ဝမ်အင်(အင်) ကျေးရွာချင်းဆက်လမ်း ၁/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးမှုကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ပျောက် ကွယ်လုနီးပါးရှိနေသည့် အဲန်းတိုင်းရင်းသား လူမျိုးစု များ၏ လူမှုစီးပွားဘဝများ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
သီဟစည်သူ