မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပမှုများ  MRTV မှ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်မည်

 

 

နေပြည်တော်   ဧပြီ   ၁၂
မြန်မာနိုင်ငံတစ်ဝန်းတွင်    ၁၃၈၃   ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပုံ များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV –HD မှ  ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ရာ ထိုသို့တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်မဏ္ဍပ်များ ၏    ဖွင့်ပွဲအခမ်းအနားများ   အပါအဝင် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သီးသန့် Channel များဖြင့် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်သည်။
ထိုကဲ့သို့ထုတ်လွှင့်ရာတွင် သင်္ကြန်အကြို နေ့ဖြစ်သော ဧပြီလ ၁၃ ရက်နေ့၌ နေပြည် တော်မြို့တော်ဝန်   မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲနှင့် ဖျော်ဖြေတင်ဆက်မှုများကို MRTV Farmer’s   Channel မှ    ညနေ  ၄  နာရီခွဲ တွင်   လည်းကောင်း၊  ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့်      ဖျော်ဖြေ တင်ဆက်မှုများကို  MRTV Sports Channel မှ  နံနက် ၇ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ မန္တလေးမြို့   ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်း အနားကို နံနက် ၇ နာရီခွဲမှ နံနက် ၁၀ နာရီ အထိ လည်းကောင်း၊ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့်      ဖျော်ဖြေ တင်ဆက်မှုများကို ညနေ ၄ နာရီတွင် MRTV Hluttaw Channel  မှ    လည်းကောင်း စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး  သင်္ကြန် အကျနေ့  ဧပြီ ၁၄ ရက်၊ သင်္ကြန်အကြတ် နေ့  ဧပြီ ၁၅ ရက်နှင့် သင်္ကြန် အတက်နေ့ ဧပြီ   ၁၆   ရက်နေ့တို့တွင်    နေ့စဉ်   နံနက် ၈ နာရီမှ     မွန်းတည့်  ၁၂  နာရီနှင့်  မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီ / ည ၉ နာရီခွဲအထိ လည်းကောင်း ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။        
                                                                                                သတင်းစဉ်