အူရီဒူးမြန်မာက ၂၀၂၁ ခုနှစ်အတွက် လူမှုအကျိုးပြုလုပ်ငန်း အစီရင်ခံစာထုတ်ပြန်

 

ရန်ကုန် ဧပြီ ၁၀
အူရီဒူးမြန်မာက   ၂၀၂၁   တစ်နှစ်တာ အတွင်း မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက် သည့်  အစီရင်ခံစာကို  ဧပြီလဆန်းတွင် ထုတ်ပြန်လိုက်ပြီး    ထိုအစီရင်ခံစာတွင်  မြန်မာပြည်သူများ၏ ဒစ်ဂျစ်တယ်ဘဝ များကို   မြှင့်တင်ပေးမှုများ၊  နေ့စဉ်လူမှု ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုး  ခဲ့မှုများ၊  ကိုဗစ်-၁၉ ကာလတွင် လှူဒါန်းမှု များ၊  လူမှုဝန်းကျင်  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပညာ ရေးကဏ္ဍတွင် ဆောင်ရွက်မှုများ စသည် တို့ကို ဖော်ပြထားသည်။
အူရီဒူးမြန်မာအနေဖြင့်  မြန်မာနိုင်ငံ နှင့်  ပြည်သူများ၏  လူမှုဘဝများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တတ်အားသမျှ လုပ်ဆောင်ချက်များဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာက ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးနိုင်မည့် နည်း လမ်းများမှ တစ်ခုဖြစ်သည်ဟု ယုံကြည် ကြောင်း အူရီဒူးမြန်မာမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့်  ဦးတင့်နိုင်ထွဋ်က ပြော သည်။ 
အူရီဒူးမြန်မာအနေဖြင့်  ကိုဗစ်-၁၉ နှင့်ပတ်သက်၍  ကျပ်သိန်း ၂၇၈၀ ကျော် တန်ဖိုးရှိ Oxygen concentrators ၈၅ လုံးနှင့် အောက်ဆီဂျင်အိုး ၁၈၂ လုံးတို့ကို လှူဒါန်းခဲ့သလို  ကပ်ရောဂါဆိုင်ရာ အသိ ပညာပေးရန်အတွက် သတိပေး SMS များကို အပတ်စဉ်ပေးပို့ခဲ့ကြောင်း၊  ၂၀၂၁  မတ်လမှစတင်ပြီး    အူရီဒူးမြန်မာသည် အရေးပေါ်ဖုန်းဘေလ်လိုအပ်သော သုံးစွဲ သူများအား     ပံ့ပိုးပေးရန်နှင့်    သုံးစွဲသူ အချင်းချင်း ကူညီနိုင်ရန် “ပိုရင်လှူ၊ လိုရင် ယူ” အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၁ ဒီဇင်ဘာလအထိ ထိုအစီအစဉ်မှ လူပေါင်း ၂ ဒသမ ၁ သန်းအား  ဖုန်းဘေလ် ကျပ်သိန်း ၁၁၀၀၀ ကျော် ပံ့ပိုးပေးနိုင်ခဲ့ ကြောင်း၊ ထို့ပြင် အင်တာနက်ပြတ်တောက် သော    ညများတွင်   အူရီဒူးအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုမှုနှင့် SMS အခမဲ့ပေးပို့ ခွင့်တို့ကို ပံ့ပိုးပေးခဲ့ရာ  ကျပ်သိန်း ၄၂၀၀၀ ကျော် တန်ဖိုးရှိသည့် အခမဲ့ဖုန်းခေါ်ဆိုမှု မိနစ် ၁၁၈၈ သိန်းကျော်နှင့်  အခမဲ့စာတို ပေးပို့မှု စောင်ရေ ၉၁၉ သိန်းကျော် ရှိခဲ့ ကြောင်း သိရသည်။
ဆင်းရဲနွမ်းပါးသော   ပြည်သူများ၏ ပညာရေး       ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒစ်ဂျစ်တယ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင် ကျပ်သိန်း ၁၄၀၀၀ ခန့် တန်ဖိုးရှိသော ဒစ်ဂျစ်တယ်စက်ပစ္စည်းများ(Tablet များ၊ စမတ်ဖုန်းများ၊ Routers များနှင့် လစဉ် ဒေတာအစီအစဉ်များပါဝင်သည့် ဆင်း ကတ်များ) စုစုပေါင်း အမျိုးအစား ၄၁၀၀ ကျော်ကို ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၃၇ ကျောင်းနှင့် အများပြည်သူ စာကြည့်တိုက်များ၊ လူမှုရေးအဖွဲ့အစည်း များသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 
အူရီဒူးမြန်မာသည်    UNDP    နှင့် ပူးပေါင်း၍လည်း   မြန်မာနိုင်ငံ  အပူပိုင်း ဒေသတွင်   ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်တိုးတက်ရေးစံပြပုံစံကို ဖော် ဆောင်ရန်   ရည်ရွယ်ချက်ဖြင့်   ရေရှည် တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(SEAD project)ကို အကောင် အထည်ဖော်ခဲ့ကာ ထိုပရောဂျက်သည် မြင်းခြံနှင့်   ညောင်ဦးမြို့နယ်ရှိ  ကျေးရွာ ပေါင်း ၁၃၀ မှ အိမ်ထောင်စု ၃၉၀၀၀ ကျော်၏   လယ်ယာစိုက်ပျိုးရေး  အလေ့ အကျင့်များကို မြှင့်တင်ရန် အကျိုးပြုနိုင် ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၆ ခုနှစ်မှ စတင်ခဲ့သည့်  Tech Age Girls (TAG) အစီအစဉ်ကို  ၂၀၂၁ ခုနှစ်တွင် ပါဝင်နိုင်သူဦးရေ နှစ်ဆတိုးမြှင့်လက်ခံနိုင်ခဲ့ပြီး အသက် ၁၆ နှစ်မှ ၂၀ အတွင်းရှိ အမျိုးသမီးငယ် ၂၀၀ ကျော် ပါဝင်တက်ရောက်နိုင်ခဲ့ကာ    ၎င်းတို့၏ ခေါင်းဆောင်မှုနှင့်    ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများ    ဖွံ့ဖြိုး တိုးတက်စေရေးအတွက်   ပံ့ပိုးပေးနိုင်ခဲ့ ကြောင်း သိရသည်။          

ကျော်ဇင်ဦး