
ဗီယင်ကျန်း ဧပြီ ၁၀
ဧပြီလလယ်တွင် ကျင်းပမည့် လာအိုနှစ်သစ်ကူး ပွဲတော်တွင် ခရီးသွားလာရေး အဆင်ပြေစေရန် တတိယမြောက် လန်ချန်း EMU ရထားသည် တရုတ်-လာအို ရထားလမ်းအတွက် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၉ ရက်ညပိုင်းက မြို့တော် ဗီယင်ကျန်းသို့ ဆိုက်ရောက်လာသော တတိယမြောက် လန်ချန်း မြန်နှုန်းမြင့်မီးရထားကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှင်းဂေါင်းတွင် ထုတ်လုပ်ခဲ့ကြောင်း၊ အဆိုပါ ရထား သည် လာအိုလမ်းပိုင်း၌ ပြေးဆွဲမည့် ဖက်စပ်ရထား တစ်စင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရထားသစ် သည် ဗီယင်ကျန်းနှင့် နိုင်ငံမြောက်ပိုင်း မြို့တော် မူအန်ဇေအကြား ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံသည် နှစ်သစ်ကူးပွဲတော်ကို ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတော်သည် လာအိုနိုင်ငံအတွက် ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။
ခရီးသွားများ သွားလာရေး အဆင်ပြေစေရန် EMU ရထားသစ်တွင် အဆင့်မြင့် အပိုတစ်တွဲနှင့် ပထမတန်း တစ်တွဲအပိုပါရှိသည်။ ယခင် EMU ရထားနှစ်စင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခု ရထားသစ်၌ ခရီးသည်တင်သည့်အတွဲမှာ ကွဲပြား ကြောင်း၊ အတွင်းပိုင်းအလှဆင်မှုကိုလည်း အဆင့် မြှင့်ထားကြောင်း တရုတ် - လာအို ရထားလမ်း ကုမ္ပဏီက ပြောသည်။
ဧပြီ ၇ ရက်မှစတင်ပြီး လာအိုလမ်းပိုင်းအနေဖြင့် EMU ရထားခရီးစဉ် စုစုပေါင်း ၄၅၆ ခု ပြေးဆွဲခဲ့ပြီး ခရီးသည် ၂၃၆၈၀၀ ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
ဆင်ဟွာ