
မိုးညှင်း ဧပြီ ၁၀
ကချင်ပြည်နယ် မိုးညှင်းမြို့အတွင်းသို့ ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်လိုင်း ၂၅ လိုင်း ရှိသည့်အနက် သင်္ကြန်ကာလအတွင်း၌ ၂၃ လိုင်းသာ ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်လိုင်းများသည် မြစ်ကြီးနား - မန္တလေး - ရန်ကုန် စသည့် အခြားမြို့များသို့ ပြေးဆွဲကြရာ မိုးညှင်းမြို့မှ စတင်ထွက်ခွာ ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်း သုံးလိုင်းသာရှိပြီး ၎င်းယာဉ်လိုင်း သုံးလိုင်းသည် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ခေတ္တပိတ်နားထားမည်ဖြစ် ကြောင်း၊ နှစ်ဆန်း ၂ ရက်နေ့တွင် ကားကြီးကွင်း၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းများ ပြုလုပ်ပြီး မြို့ပေါ်ယာဉ်လိုင်းများ ယခင်ပုံမှန်အတိုင်း စတင်ပြေးဆွဲမည်ဖြစ်၍ ကျန်ရှိနေသည့် မော်တော်ယာဉ်လိုင်း ၂၃ လိုင်းသည် ပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် အသင်းဥက္ကဋ္ဌ ဦးနေဝင်းထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)