
နေပြည်တော် ဧပြီ ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ခရီးသွားလာရေးဆိုင်ရာ အချက်အလက်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များ လွယ်ကူစွာ ရယူနိုင်ရန် ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေး ကောင်တာများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဟိုတယ်နှင့် ခရီး သွား ညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းတာဝန်ခံနှင့် ဌာန ဆိုင်ရာများ၊ လေဆိပ်တာဝန်ရှိ သူများနှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ မန္တလေးဇုန်ရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ညီနောင်အသင်းများမှ တာဝန်ရှိ သူများအား မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်အစည်းအဝေး အခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် များစွာ အထောက်အကူ ပြုပါကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ကို ပန်းခင်းစီမံချက်ဖြင့် ထုတ်ပေး ဆောင်ရွက်လျက်ရှိရာ ခရီးသွား ဝန်ဆောင်မှုပေးရာတွင် စနစ် တကျ စိစစ်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေမည့် ခရီးစဉ်များနှင့် ခရီးစဉ်ဒေသများကို ဖော်ထုတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် Ench-anting Myanmar Health and Safety Protocol (HSP) အစီ အစဉ်ကို ရေးဆွဲဆောင်ရွက်လျက် ရှိပြီး ဒေသအဆင့်နှင့် နိုင်ငံအဆင့် အသိအမှတ်ပြုလက်မှတ် ရရှိနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကွာရန်တင်းထားမည့် ဟိုတယ် များကိုလည်း နိုင်ငံအဆင့် (HSP) အသိအမှတ်ပြုလက်မှတ်ရရှိရေး မဖြစ်မနေဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ခရီးသွားလုပ်ငန်း စနစ် တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက် လာရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နှင့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့ တာဝန်ရှိသူ များက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ ပြင်ဦးလွင်ဇုန် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင် များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ခရီးသွားဧည့်သည်များ ကို လုံခြုံစိတ်ချရသည့် ဝန်ဆောင် မှုပေးနိုင်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ခရီးသွား များ၏ ယုံကြည်စိတ်ချမှု ပိုမိုရရှိ နိုင်ရန် ဟိုတယ်များအနေဖြင့် နိုင်ငံအဆင့် (HSP) အသိအမှတ် ပြု လက်မှတ်ရရှိအောင် ဆောင် ရွက်ထားသင့်ကြောင်း၊ ပြင်ဦးလွင် ဒေသရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာစေရန် ကာလတို/ကာလရှည် အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသူများက လုပ်ငန်းဆောင်ရွက် နေမှုများ၊ အခက်အခဲများနှင့် သိရှိ လိုသည်များကို ဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်