သံတွဲမြို့ မြတင်ကျေးရွာ ဗားတောင်းတောင်၌ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်   ဧပြီ   ၁၀


ရခိုင်ပြည်နယ်        သံတွဲမြို့နယ် မြုံပြင်ကျေးရွာအုပ်စု ဗားတောင်း တောင်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က   မတည်လှူဒါန်းငွေကျပ် သိန်း ၁၀၀ အပါအဝင် စေတနာရှင်  အလှူရှင်များ၏  ထည့်ဝင်လှူဒါန်း ငွေ စုစုပေါင်းငွေကျပ်သိန်း ၁၅၀၀ အကုန်အကျခံကာ သံတွဲမြို့နယ် မြတင်ကျေးရွာ     ဗားတောင်း တောင်ရှိ    ပရဟိတ   သိမ်ကုန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ   ဦးစီး၍  တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းတွင် အဆိုပါ   အောက်ဆီဂျင်စက်ရုံ သစ်ရှေ့၌     ပြုလုပ်ရာ    ပရဟိတ သိမ်ကုန်းကျောင်းတိုက်   ဆရာ တော်      ကြွရောက်တော်မူပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊   သံတွဲခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး    အဖွဲ့ဝင်များ၊  အလှူရှင်များ တက်ရောက်ကြသည်။

 


ဦးစွာ   ပရဟိတသိမ်ကုန်း ကျောင်းတိုက် ဆရာတော်၊ တိုင်း စစ်ဌာနချုပ်မှ    တာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံ     ဖြစ်မြောက် ရေး အဖွဲ့ဥက္ကဋ္ဌနှင့်  အလှူရှင်များ က      အောက်ဆီဂျင်စက်ရုံကို ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးကြပြီး  အောက်ဆီဂျင်စက်ရုံ  ဖြစ်မြောက်ရေးအဖွဲ့  ဥက္ကဋ္ဌက     အောက်ဆီဂျင်စက်ရုံ      ဖြစ်ပေါ် လာရခြင်းနှင့်         ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 


ထို့နောက် တာဝန်ရှိသူများက အလှူရှင်မိသားစုများအား ဂုဏ်ပြု မှတ်တမ်းလွှာများ    ပြန်လည် ပေးအပ်ကြပြီး  တက်ရောက်လာ ကြသူများက      အောက်ဆီဂျင် စက်ရုံသစ် စတင်ထုတ်လုပ်နေမှု များအား လှည့်လည်ကြည့်ရှုကြသည်။

 


အဆိုပါ အောက်ဆီဂျင်စက်ရုံ ကို ကိုဗစ်-၁၉ အတည်ပြုလူနာ များနှင့်အခြား  အထွေထွေရောဂါ ဝေဒနာရှင်များအား   ကုသရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် အောက်ဆီဂျင်    လိုအပ်ချက်ကို ဖြည့်ဆည်း     ပေးနိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ် ရက်လျှင်    အောက်ဆီဂျင်  လီတာ  ၄၀ ဆံ့  အလုံး  ၁၂၀   ထုတ်လုပ် နိုင်ကြောင်း       သတင်းရရှိသည်။

သတင်းစဉ်