ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ရှင်းလင်းမိတ်ဆက်

 

မြစ်ကြီးနား   ဧပြီ   ၁၀


ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန က  ပြည်နယ်အတွင်း  စီးပွားရေး လုပ်ငန်းရှင်များ    ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍ      ပိုမိုလျင်မြန် လွယ်ကူစွာ   ဆောင်ရွက်နိုင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့်  လွယ်ကူချောမွေ့စေရေး အစီအစဉ်များ       (Unboxing Investment           Facilitation Toolkit 2022) ကို ဧပြီ ၈ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး      မလိခ ခန်းမ၌ ရှင်းလင်းမိတ်ဆက်သည်။

 


ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က       ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု      လုပ်ငန်းများ အတွက် ပိုမိုလွယ်ကူမြန်ဆန်စေ ပြီး        အွန်လိုင်းဝန်ဆောင်မှုမှ တစ်ဆင့်  မိမိတို့   ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသည်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ပွင့်လင်း မြင်သာမှုရှိစွာ၊ လွယ်ကူချောမွေ့ စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်   ပြည်နယ်ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့် မိုးက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှင့်    လွယ်ကူချောမွေ့စေရေး အစီအစဉ်  ဝန်ဆောင်မှု   လေးမျိုး နှင့် အသုံးပြုနည်းများကို မိတ်ဆက် ရှင်းလင်းကာ  ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊      စီးပွားရေး အသင်းအဖွဲ့များမှ   လုပ်ငန်းရှင် များက အစီအစဉ်နှင့် ပတ်သက်၍ သိလိုသည်များကို       မေးမြန်း ဆွေးနွေးပြီး ပြည်နယ်ဦးစီးမှူးက ရှင်းလင်းဖြေကြားသည်။

 


ယနေ့ မိတ်ဆက်ရှင်းလင်းမှု တွင် အစီအစဉ် လေးမျိုးဖြစ်သည့် အီလက်ထရွန်နစ်     တွေ့ဆုံ ဆွေးနွေးခြင်း   ဝန်ဆောင်မှုစနစ် (DICA Online Solution-DOSo)၊ မြန်မာနိုင်ငံ        ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏    တစ်နေရာတည်း အလုံးစုံ   ဝန်ဆောင်မှုပေးသည့် အဖွဲ့ (One Stop Service)   ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်း များ   (Standard  Operation Procedures) ၊ Cost of Doing Business in Myanmar Survey Report  2022  နှင့်  DICA  Info Android Mobile Application တို့ကို   ရှင်းလင်းခဲ့ပြီး    ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံသူများအပြင်    ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသူ/ အလား အလာရှိသူများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေပြီး ထိရောက် အကျိုးရှိသည့်   ဝန်ဆောင်မှုများ ဖြစ်ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)