
စစ်တွေ ဧပြီ ၁၀
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ် မဟာ သင်္ကြန်ပွဲတော်ကို စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကို စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ အဖွဲ့ မဟာသင်္ကြန်ပွဲတော် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း တင်ရေးကော်မတီဥက္ကဋ္ဌ ပြည် နယ် ဥပဒေချုပ် ဦးလှသိန်းက “စစ်တွေမြို့မှာ မဟာသင်္ကြန်ပွဲ တော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက် နေပါတယ်။
သင်္ကြန်အကြိုနေ့ မှာ ရခိုင်ရိုးရာနံ့သာသွေးပွဲကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်ပြီးတော့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးကို ဘုရားရေသပ္ပာယ်ကြမှာ ဖြစ်ပါ တယ်။ ညနေပိုင်းမှာပဲ ဦးဥတ္တမ ပန်းခြံရှေ့မှာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကို ယိမ်းအကအဖွဲ့တွေ၊ အဆို တော်တွေနဲ့ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်နဲ့ ဖွင့်လှစ်သွား ဖို့ ရှိပါတယ်။
နောက်နေ့မှာ စစ်တွေမြို့ မိဇံရပ်ကွက်မှာရှိတဲ့ ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်ကို ဖွင့်လှစ်သွားဖို့ရှိပါတယ်။ နောက် တစ်ခုက ရခိုင်ပြည်နယ်မှာ ပထမ ဆုံးပြုလုပ်တဲ့ လမ်းလျှောက် သင်္ကြန်ပေါ့။ ဒီလမ်းလျှောက် သင်္ကြန်ကိုတော့ စစ်တွေမြို့ ရှုခင်း သာလမ်း(ကမ်းနားလမ်း) စာတိုက် ကြီးအနီးကနေပြီးတော့ တြိဂံ လမ်းဆုံအထိ ကျင်းပသွားဖို့ ရှိပါတယ်။ ဒီလမ်းလျှောက်သင်္ကြန် ကျင်းပတဲ့နေရာတစ်လျှောက်မှာ လည်း ကျွန်တော်တို့ ဌာနဆိုင်ရာ ရုံးတွေက ဝန်ထမ်းတွေ စုပေါင်း ပြီးတော့ စတုဒိသာ ကျွေးမွေး သွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ကျင်းပ သည့် ရေကစားမဏ္ဍပ်များအပြင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ ပုဂ္ဂလိကရေကစားမဏ္ဍပ်များလည်း တည်ဆောက်လျက်ရှိရာ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။ အလားတူ ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ်များတွင် လည်း ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)