နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်တွင် အခိုင်အမာနေရာရရှိရေး အစိုးရနှင့်လုပ်ငန်းရှင်များ လက်တွဲဆောင်ရွက်ရန် ဆွေးနွေး
 

 

နေပြည်တော်    ဧပြီ    ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား  တပ်မတော် ဧည့်ဂေဟာ   အစည်းအဝေးခန်းမ၌  တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးသည်။

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်    ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊  ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက် ကြသည်။

 


ပြင်ဦးလွင်ဒေသ၌   ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု၊  စိုက်ပျိုးမြေအသုံးချထားရှိမှုနှင့်  
မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိမှု


ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတကာ   ကော်ဖီဈေးကွက်  အခြေအနေများ၊ကော်ဖီစိုက်ပျိုးရေး  နည်းပညာနှင့်  စိုက်ပျိုးမှုဧရိယာ  တိုးချဲ့လုပ်ဆောင်ပေးနိုင်မည့် အခြေအနေများနှင့်  ပတ်သက်၍     ရှင်းလင်းတင်ပြသည်။   ထို့နောက်  စိုက်ပျိုးရေးဦးစီးဌာန            ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ    ရဲတင့်ထွန်းနှင့်    သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်တို့က ပြင်ဦးလွင် မြို့နယ်အတွင်း၌    ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု အခြေအနေများ၊ မြို့မြေ၊ မြေလွတ်မြေရိုင်း ဧရိယာ အတွင်းနှင့် သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုး ထားရှိမှု၊ စီမံကိန်းများချထားပေးမှုအပေါ် မြေအသုံးချ  ဆောင်ရွက်ထားရှိမှု၊   မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့်    စိုက်ပျိုးမြေ များကို  အခြားနည်းဖြင့်  အသုံးချထားရှိမှုများကို  တွေ့ရှိရသည့် အခြေအနေများ၊ စိုက်ပျိုးမြေ စည်းမျဉ်း သတ်မှတ်ချက်များအား         လိုက်နာမှုမရှိပါက   စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည့်   အခြေအနေများကို  လုပ်ငန်းရှင်များသို့    အကြောင်းကြားထားရှိသည့်     အခြေအနေများ၊ ကော်ဖီစိုက်ပျိုးနည်း  သင်တန်းများ   ဖွင့်လှစ်ပို့ချပေး လျက်ရှိသည့် အခြေအနေများ၊ မျိုးစေ့နှင့်  ပျိုးပင် များကို  ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် 
လိုအပ်သည်များကို အစိုးရမှ ဦးဆောင်  
ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေး


ယင်းနောက် တက်ရောက်လာကြသည့် ကော်ဖီ လုပ်ငန်းရှင်များက  ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို ဖော်ဆောင်ရာတွင် အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင် ရာ    ဝန်ကြီးဌာနများမှ  တာဝန်ရှိသူများ၊  ကော်ဖီ လုပ်ငန်းရှင်များအားလုံး              ညီညီညွတ်ညွတ်ဖြင့်  လုပ်ငန်းအောင်မြင်အောင်   ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည့်  အခြေအနေများ၊  ကော်ဖီစီမံကိန်းများ စတင်ဆောင်ရွက်ပေးခဲ့စဉ်    လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့ ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့ခြင်းမရှိသည့်အတွက်  ကော်ဖီလုပ်ငန်းရှင်များ ထိခိုက်နစ်နာခဲ့ရသည့် အခြေအနေများ၊ မြန်မာနိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအသင်းကို  ဖွဲ့စည်း၍  နိုင်ငံ တကာ   ကော်ဖီဈေးကွက်ကို    ထိုးဖောက်နိုင်ရေးဆောင်ရွက်ခဲ့ပြီး  လက်ရှိတွင်  ကော်ဖီသည် အလား အလာကောင်းသည့် ဈေးကွက်ရရှိလာပြီဖြစ်သည့်အခြေအနေများ၊   ကော်ဖီလုပ်ငန်း    အောင်မြင်စွာ ဖြစ်ပေါ်လာရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူ များက ဦးဆောင်၍လုပ်ငန်းရှင်များအားလုံး ကြိုးပမ်း ဆောင်ရွက်ရန်လိုသည့်  အခြေအနေများ၊  အစိုးရမှ ခွင့်ပြုပေးထားသည့်  စိုက်ပျိုးမြေ ဧရိယာများအတွင်း တရားမဲ့ဝင်ရောက်နေထိုင်ခြင်း၊    ရာသီသီးနှံများ စိုက်ပျိုးခြင်းတို့ကြောင့်  ကော်ဖီလုပ်ငန်းရှင်များ၏ထိခိုက်နစ်နာနေရမှုများကို  ဖြေရှင်းဆောင်ရွက်ပေး စေလိုသည့် အခြေအနေများကိုတင်ပြကြပြီး မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်           ဦးမောင်ကိုက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကော်ဖီလုပ်ငန်း အောင်မြင်စေရေး  လုပ်ငန်းရှင်များနှင့်   တွေ့ဆုံ ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 


တင်ပြချက်များအပေါ် လမ်းညွှန်မှာကြား
ဖြေရှင်းဆောင်ရွက်ပေး


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြချက်များတွင်ပါဝင်သည့်   မြို့မြေ၊   မြေလွတ် မြေရိုင်း  ဧရိယာအတွင်းနှင့်  သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးရန်     လုပ်ပိုင်ခွင့်ပေးထားမှုများကို အခြားနည်းလမ်းများဖြင့်        အသုံးချထားရှိမှုများ၊ စိုက်ပျိုးခြင်းမရှိမှုများသည်  အမှန်တကယ် လုပ်ငန်း ဆောင်ရွက်နေသူများကို ထိခိုက်နစ်နာစေနိုင်သဖြင့် သတ်မှတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်မှ ခွင့်ပြုချက်ပေး ထားသည့် မြေဧရိယာများဖြစ်သည့်အတွက် အခြား နည်းများဖြင့်    အသုံးချဆောင်ရွက်နေမှုများကို လက်ခံ၍ ရနိုင်မည်မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းနှင့် အညီသာ ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊ စိုက်ပျိုးမြေအတွင်း  အဆောက်အဦဆောက်လုပ်ခွင့် များနှင့်  ပတ်သက်၍  လုပ်ငန်းအတွက်လိုအပ်သည့် အထောက်အကူဖြစ်စေနိုင်သည့်        အဆောက်အဦ ဆောက်လုပ်ခွင့်များကို   ခေတ်ကာလနှင့်  လျော်ညီ သည့် အဆောက်အဦများ ခွင့်ပြုပေးနိုင်ရေး ပြန်လည် ပြင်ဆင်     ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေရှင်းဆောင်ရွက်ပေးသည်။ 

 


မြန်မာ့ကော်ဖီ (Myanmar Coffee) ကိုကမ္ဘာ့ဈေးကွက် တွင်   အခိုင်အမာ  နေရာတစ်ခု  ရရှိစေရေး  အစိုးရနှင့် လုပ်ငန်းရှင်များ လက်တွဲညီညီဆောင်ရွက်မည်


ဆက်လက်ပြောကြားရာတွင်  ယခင်တပ်မတော် အစိုးရလက်ထက်မှစ၍ ကော်ဖီ စိုက်ပျိုးမှုစီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း၊  ကမ္ဘာပေါ်တွင်လည်း  ကော်ဖီ စိုက်ပျိုးမှု      လုပ်ငန်းများကို    တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည်ကို           တွေ့ရှိရမည်ဖြစ် ကြောင်း၊ ယခင်က ဥရောပနိုင်ငံများတွင်သာ ကော်ဖီ စိုက်ပျိုးမှုနှင့်  သောက်သုံးမှု  များပြားခဲ့သော်လည်း လက်ရှိအချိန်တွင်  အာရှနိုင်ငံများ၌လည်း အဓိက ထား  စိုက်ပျိုးသောက်သုံးလာကြသည်ကိုတွေ့ရှိရ ကြောင်း၊   ပြင်ဦးလွင်ကော်ဖီသည်   ယခင်ကတည်း ကပင် အနံ့အရသာနှင့် ပြည့်စုံပြီး နာမည်ရရှိပြီးဖြစ် သည့် ကော်ဖီအမျိုးအစား တစ်ခုဖြစ်ကြောင်း၊ ကော်ဖီ စိုက်ပျိုးရာတွင်  အရိပ်ရနှင့်  အရိပ်မဲ့   စိုက်ပျိုးမှုဟူ၍ ရှိပြီး    မိမိတို့နိုင်ငံ၌   ရာသီဥတုပြောင်းလဲလာမှုကို ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောသစ်ပင် စိမ်းလန်းစေ ရေးအတွက် ရည်ရွယ်၍ အရိပ်ရ ကော်ဖီစိုက်ပျိုးရန် ပြင်ဦးလွင်မြို့နယ်၌ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။ 

 


ထိုသို့ မြေဧရိယာများ ချမှတ်ပေးခဲ့ရာတွင် အမှန် တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည် များရှိသကဲ့သို့  လုပ်ငန်းဆောင်ရွက်မှု မရှိသည်များ လည်းရှိကြောင်း၊   ထိုကဲ့သို့   လုပ်ငန်းဆောင်ရွက်မှု မရှိသည်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းရှိသော်လည်း တရားမဲ့နေထိုင်မှုများ၊  သဘာဝဘေးအန္တရာယ်များ ကြောင့် ထိခိုက်နစ်နာပျက်စီးခဲ့မှုများကို ပြန်လည် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျူးကျော်မှု များဖြစ်ပေါ်ခြင်းသည်    သတ်မှတ်ကာလအတွင်း စိုက်ပျိုးဧရိယာအတွင်း၌    လုပ်ငန်းဆောင်ရွက်မှု  မရှိခဲ့ခြင်းကြောင့်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် လည်း    မှန်မှန်ကန်ကန်  အသုံးချဆောင်ရွက်ရန်လို ကြောင်း၊ စည်းကမ်းနှင့်  မညီညွတ်သည့် ခွင့်ပြုမြေ ဧရိယာများကို ပြန်လည်သိမ်းဆည်းပြီး နောက်ပိုင်း တွင်လည်း  စနစ်တကျစိုက်ပျိုးနိုင်ရေး  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ကော်ဖီစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ၍အောင်မြင် မှုရှိအောင် ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ဦးစီးဌာနများအနေဖြင့် လုပ်ငန်းများ  တစ်ခုနှင့်တစ်ခု  ဆက်စပ်၍   မူဝါဒ များ   ချမှတ်အကောင်အထည်ဖော် ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများကို    ဆောင်ရွက်ရ သည်ဖြစ်သဖြင့် ရုံးလုပ်ငန်းဆိုင်ရာများကို စနစ်တကျ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 


ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ သာမန်စိုက်ပျိုး မှုဖြင့် ကျေနပ်နေ၍ မရဘဲ စနစ်ကျနသည့်  စိုက်ပျိုးမှု စနစ်ရှိရမည်ဖြစ်သကဲ့သို့   လိုအပ်သည့် သွင်းအားစု များကိုလည်း မှန်မှန်ကန်ကန် ထည့်သွင်းရန်လိုကြောင်း၊    ထိုသို့   ဆောင်ရွက်ပေးမှသာလျှင် အရည်အသွေး ကောင်းမွန်သည့်  ကော်ဖီရရှိမည်ဖြစ်ပြီး  ကော်ဖီ ထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေး မြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရင်း အနှီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ   ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့်     အမှန် တကယ်  အောင်မြင်ပြီး   မြန်မာ့ကော်ဖီ (Myanmar Coffee Brand)ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင် ရေး   ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

 


ကော်ဖီစိုက်ပျိုးမှုတွင် Robusta နှင့် Arabica ကော်ဖီမျိုးဟူ၍ရှိကြောင်း၊       ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်း ဖြစ်သည့်အတွက်    အောင်မြင်အောင်လုပ်ဆောင် ရမည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပဈေးကွက်များကို အမြဲမပြတ် လေ့လာနေရန် လိုကြောင်း၊    အထွက်နှုန်းကောင်းမွန်ရန်၊   Quality Product ဖြစ်ရန်၊ ဈေးကွက် ရရှိရန် လိုအပ်မည်ဖြစ် ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုကို အနှောင့်အယှက် ပေးနေမှုများနှင့် ဒေသလုံခြုံရေးကို  ထိခိုက်ပျက်စီး စေရေး   လုပ်ဆောင်နေမှုများကို   လက်ခံ၍ရမည် မဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင် များနှင့်  ဒေသခံများအားလုံး  လက်တွဲညီညီဖြင့်  ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရနှင့်     တပ်မတော်အနေဖြင့်  စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို    အားပေးမြှင့်တင်   ဆောင်ရွက်လျက်ရှိပြီး    ဒေသထုတ်ကုန်၊   ထွက်ကုန်များကို   ပြည်တွင်း၊   ပြည်ပ   ဈေးကွက်အတွင်း အဆင့်မြင့် ထုတ်ကုန်အဖြစ်    ထုတ်လုပ်ရောင်းချ၍  ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော်၏ စီးပွားရေး ကောင်းမွန်မှုကို ဖြစ်ပေါ်စေရန်    နိုင်ငံနှင့်   အဝန်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယခင်အပတ်ကပင်    ရှမ်းပြည်နယ် (တောင်ပိုင်း)   နောင်တရားမြို့နယ်၌    လက်ဖက်အချို ခြောက်နှင့်   သစ်သီးအခြောက်ခံစက်ရုံကို  ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီး  ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ             ပိုမိုတိုးတက်ရရှိလာစေရန်၊ တောင်သူများ၏     လူမှုစီးပွားဘဝ     ပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊  ထိုကဲ့သို့  ရရှိလာသည့် အကျိုးကျေးဇူးများမှ တစ်ဆင့်    နိုင်ငံတော်သာယာဝပြောရေး၊    စားရေ ရိက္ခာပေါများဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  အစိုးရ၏   အခန်း ကဏ္ဍနှင့် ပုဂ္ဂလိက အခန်းကဏ္ဍဟူ၍ ရှိပြီး အစိုးရက လိုအပ်သည်များကို   ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သဖြင့်    လုပ်ငန်းရှင်များအနေဖြင့်လည်း    လုပ်ငန်းများ      အောင်မြင်အောင်      ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

 


မိမိမြို့၊    မိမိဒေသအတွက်   မိမိတို့ကိုယ်တိုင် ကြိုးစားရမည်ဟူသည့် စိတ်ဖြင့် ဆောင်ရွက်ကြစေလို


ပြင်ဦးလွင်ဒေသနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့ သည် အေးမြပြီး သစ်ပင်ပန်းမန်များဖြင့်  ရောင်စုံလှပ သည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ      ဥတုသုံးပါးလုံး၌ လာရောက်   အပန်းဖြေသည့် ပြည်တွင်း၊  ပြည်ပမှ ဧည့်သည်များဖြင့်          စည်ကားလျက်ရှိကြောင်း၊  အိမ်သာ၍ ဧည့်လာခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသသို့  လာရောက်သည့် ခရီးသွားများအနေဖြင့် ကော်ဖီခြံများသို့   လာရောက်လေ့လာ    လည်ပတ် စေခြင်းဖြင့်လည်း      ဒေသ၏    ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ခရီးသွား လုပ်ငန်း    တိုးတက်လာခြင်းသည်    ဒေသခံများ၏ လူမှုစီးပွားဘဝကို   မြှင့်တင်ပေးနိုင်မည်ဖြစ်သဖြင့်  ဒေသ၏    သန့်ရှင်းသာယာလှပရေးကို   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊       ဒေသခံပြည်သူများ    အားလုံး  စည်းလုံးညီညွတ်စွာဖြင့်   ဝိုင်းဝန်းဆောင်ရွက်ကြ စေလိုပြီး သန့်ရှင်းသပ်ရပ်၍ မျက်စိပသာဒဖြစ်သည့် နေချင့်စဖွယ် မြို့တော်ဖြစ်အောင်  ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိမိမြို့၊ မိမိဒေသအတွက်   မိမိတို့ ကိုယ်တိုင်ကြိုးစားဆောင်ရွက် မည်ဟူသည့်စိတ်ဖြင့်  စည်းကမ်းတကျ          ဆောင်ရွက်ကြစေလိုကြောင်း၊   စည်းကမ်းတွင်    တိုက်တွန်းချက်   စည်းကမ်းနှင့်     တားမြစ်ချက် စည်းကမ်းဟူ၍ရှိပြီး ဒေသခံများအနေ  ဖြင့် စည်းကမ်းစနစ်တကျရှိစေရေး တာဝန်ရှိသူများ  က ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ ဒေသ၏      ရှေးယခင်ကတည်းကပင်    ရှိခဲ့သည့် ကောင်းမွန်သည့် နာမည်ဂုဏ်သတင်းကို   ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦများကိုလည်း ဆက်လက် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့၏   နိုင်ငံတကာက    သိရှိထားသည့်    ကောင်းမွန်သည့် နောက်ခံ သမိုင်းကြောင်းများ ဆက်လက်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း၊    ဒေသခံများနှင့်      ဒေသသို့ လာရောက်ကြသူများအားလုံး  စည်းကမ်းစနစ်တကျ ရှိမည်ဆိုပါက ဒေသသာယာလှပရေးကို  အမြဲမပြတ် ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်     ဒေသ၌ နေထိုင်သူများက  စံနမူနာပြဖြင့်     စည်းကမ်းစနစ် တကျ   နေထိုင်ဆောင်ရွက်ကြရမည်   ဖြစ်ကြောင်း ပြောကြားသည်။

 


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်  တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်