မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄၉၄၄ ဦး ထပ်မံတွေ့ရှိ

 

ကွာလာလမ်ပူ   ဧပြီ   ၉


မလေးရှားနိုင်ငံ၌   ဧပြီ  ၈ ရက် သန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄၉၄၄ ဦး ထပ်မံတွေ့ရှိလာသဖြင့်    နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်းမှာ ၄၃၀၇၅၂၉ ဦးရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

 


မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူများအနက် ၁၀၄ ဦးမှာ ပြည်ပပြန်ကူးစက်ခံရသူများဖြစ်ပြီး ၁၄၈၄၀ မှာ နိုင်ငံ တွင်း    ကူးစက်ခံရသူများ   ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်အရ သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၁ဦး ရှိလာသောကြောင့်   ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူစုစုပေါင်းမှာ ၃၅၂၅၉ ဦးရှိပြီဖြစ်သည်။

 


မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာ လာသူ ၁၄၀၄၅ ဦး ထပ်မံရှိလာ သဖြင့်     ကိုဗစ်-၁၉    ရောဂါမှ ပြန်လည်ကျန်းမာလာသူ    စုစု ပေါင်းမှာ ၄၁၁၃၈၃၁ ဦး ရှိလာပြီ ဖြစ်သည်။

 


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉    ကူးစက်ခံနေရသူ ၁၅၈၄၃၉ ဦးရှိသည့်အနက် ၂၀၆ ဦးမှာ အထူးကြပ်မတ်ကုသဆောင် ၌  ကုသမှုခံယူနေရပြီး  ၁၀၉ ဦး မှာ အသက်ရှူ အထောက်အကူပြု ကိရိယာများ လိုအပ်နေကြောင်း သိရသည်။   

 


မလေးရှားနိုင်ငံ၌ ဧပြီ ၈ ရက် တစ်ရက်တည်းတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၃၄၉၀၄ လုံး ထိုးနှံပေးခဲ့သည်။ မလေးရှား နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးသူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ ၈၄ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း၊ ၇၉    ဒသမ  ၃    ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ပြီးဖြစ်ကြောင်း၊    ၄၈  ဒသမ  ၇ ရာခိုင်နှုန်းမှာ     အပိုဆောင်း ကာကွယ်ဆေး      ထိုးနှံပြီးဖြစ် ကြောင်း သိရသည်။


ဆင်ဟွာ