မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဧပြီ   ၉


ရန်ကုန်တိုင်း      ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်း ရှိ        အစ္စလာမ်ဘာသာဝင်များ ၏   ရာမဒန်လမြတ်ကာလတွင် ဥပုသ်     ဝင်ရောက်ကြသူများ အတွက် စားသောက်ဖွယ်ရာများ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိ သူများက   သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ ပေးအပ်လှူဒါန်းလျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး  မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ တခြမ်းပဲ့ဗလီတွင်      ဥပုသ်ဝင် ရောက်သူ  ၁၂၀၊ တရားပေးဆရာ ၁၀ ဦး၊ ဗလီအကျိုးတော်ဆောင် အဖွဲ့ အဖွဲ့ဝင် ၁၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန် ရှိသူများက   လည်းကောင်း၊  ဧပြီ ၈ ရက်  ညနေပိုင်းတွင်  မန္တလေး တိုင်းဒေသကြီး    ချမ်းအေးသာစံ မြို့နယ် ဂျွန်းဗလီအစ္စလာမ်ဘုရားရှိခိုးကျောင်းတွင် ဥပုသ်ဝင်ရောက် သူ ၃၃၀ တို့အတွက် စားသောက် ဖွယ်ရာများကို မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ   တာဝန်ရှိသူများ က    လည်းကောင်း   သွားရောက် ပေးအပ်     လှူဒါန်းခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်