
နေပြည်တော် ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၈ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ် ဒွာရစုကျေးရွာ၊ ပန်းတနော်မြို့နယ် မြေနု ကျေးရွာ၊ သောင်ပင်သာကျေးရွာ နှင့် သာပေါင်းမြို့နယ် ရွာသစ် ကုန်းကျေးရွာများမှ နေအိမ်များ အမိုးလန် ပြိုကျခြင်းများ ဖြစ်ပေါ် သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှု ကြောင့် ရေကြည်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် သာပေါင်း မြို့နယ်တို့ရှိ စာသင်ကျောင်း တစ်ကျောင်း၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲ တစ်ခုနှင့် လူနေအိမ် များ အမိုးလန်ပြိုကျပျက်စီးခဲ့ သဖြင့် ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပူးပေါင်း၍ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ လေဘေးသင့် ပြည်သူများအား တွေ့ဆုံ အားပေးကာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေး ပစ္စည်း ၁၈ မျိုးပါ ခြောက်ပုံး၊ ထောက်ပံ့ငွေများ၊ ဆန်၊ စားသောက်ဖွယ်ရာများ နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်