
နေပြည်တော် ဧပြီ ၉
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနရုံးရှေ့ကွင်းပြင် တွင် ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်း များနှင့် မိသားစုများ တက်ရောက် ကြပြီး ဧည့်သည်တော်အဖြစ်အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ ဝင် ဦးစစ်အေးနှင့် ဧည့်သည်တော် များ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နှင့် ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြ ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများ သည် ယိမ်းအကအဖွဲ့များနှင့် တက်ရောက် လာကြသူများကို မဟာသင်္ကြန်အကြို အမွှေးနံ့သာ ရည်ကို သပြေခက်ဖြင့် သင်္ကြန် ရေ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဝန်ထမ်းများနှင့် မိသားစုများအားလုံး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်း ရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြင့် နှစ်သစ်တွင် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်ပရိသတ်များကို ဝန်ထမ်းများနှင့် မိသားစုများက တေးသီချင်းများ၊ သင်္ကြန်ယိမ်း အကများဖြင့် ဖျော်ဖြေတင်ဆက် ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ယိမ်းအက အဖွဲ့များအား ဆုတော်ငွေများ ချီးမြှင့်ကြ၍ မြန်မာ့ရိုးရာယဉ်ကျေး မှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပြီးနောက် မန်းတောင်ရိပ်ခိုသီချင်း သီဆို၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်