အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသာလျှင်အဓိကဖြစ်သဖြင့် လူသားအရင်းအမြစ်ကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရမည်

 

နေပြည်တော်   ဧပြီ    ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်  မြို့မိမြို့ဖများ အား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား   ပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီး စဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊       အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ များမှ တာဝန်ရှိသူများ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင် များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

 


ဒေသဆိုင်ရာ အချက်အလက်များနှင့် 
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများတင်ပြ


ဦးစွာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်   လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းတို့က ဒေသ ဆိုင်ရာ အချက်အလက်များ၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေ၊   ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်   နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် အကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေနှင့် လားရှိုးမြို့   ရေဖူလုံစွာရရှိ ရေး   ဆောင်ရွက်နိုင်မည့်     အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 


ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့်
အခြေအနေများအား ရှင်းလင်းပြောကြား


ရှင်းလင်းတင်ပြမှုများနှင့်            ပတ်သက်၍  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း တို့က ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအလိုက် ရှင်းလင်းပြောကြားရာတွင် လားရှိုးမြို့ရေရရှိရေးအတွက် စီမံဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊  လားရှိုးမြို့တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊   စိုက်ပျိုးရေးအတွက် ရေတင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊  မျိုးကောင်း မျိုးသန့်ရရှိရန်နှင့် စိုက်နည်းစနစ်ရရှိရေးတို့အတွက် ကူညီဆောင်ရွက်ပေးသွားမည့်           အခြေအနေ၊ လားရှိုးတက္ကသိုလ်တွင် စီးပွားရေးနှင့်   ဥပဒေပိုင်း ဆိုင်ရာတို့ကို သင်ကြားပေးသွားမည့်  အခြေအနေ နှင့် ပညာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့်   အခြေအနေ၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးအတွက်    အထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းရေးနှင့်    နယ်စပ်ဒေသ     ကုန်စည်စီးဆင်းသွားလာမှုများသည့်မြို့ ဖြစ်သဖြင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ ကို    တိုးမြှင့်ဆောင်ရွက်ပေးသွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

 


ဒေသခံများ၏ လိုအပ်ချက်များ


ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများက လားရှိုးမြို့ပြင်နှင့် မြို့တွင်းလမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေး    အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုသည့်အခြေအနေ၊  လားရှိုးမြို့ အေဒီချောင်းမှ ရေအားရေအသုံးချမှု နည်းလမ်းများ ဖြင့်  ဆောင်ရွက်ပေးစေလိုသည့်    အခြေအနေနှင့်  ဂုတ်တွင်းတံတား    တည်ဆောက်ပေးစေလိုမှု အခြေ အနေများကို တင်ပြကြသည်။

 


ဒေသခံများ၏ တင်ပြချက်များအား ဖြေရှင်း


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့် ပတ်သက်၍   ပြောကြားရာတွင် ဒေသခံများ၏ တင်ပြချက်များတွင်   ပါဝင်သည့် လမ်းပန်းဆက်သွယ်ရေးအတွက်      လမ်းအဆင့် မြှင့်တင် ဆောင်ရွက်ပေးစေလိုခြင်းနှင့် ပတ်သက်၍ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး သည် နေ့စဉ် ယာဉ်ကြီးယာဉ်ငယ်များစွာ  သွားလာ အသုံးပြုလျက်ရှိပြီး နိုင်ငံတကာစံညွှန်းများနှင့်အညီ သတ်မှတ်ကာလအလိုက်  အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လားရှိုးမြို့နယ် အတွင်းရှိ ရေအရင်းအမြစ်များကိုအသုံးချ၍ သုံးရေ ရရှိနိုင်ရေး ဦးစွာဆောင်ရွက်ပြီး သောက်ရေအတွက် ပြန်လည်သန့်စင်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဂုတ်တွင်းတံတားတည်ဆောက်ပေးစေ လိုမှုနှင့်ပတ်သက်၍   တည်ဆောက်နိုင်ရေး  စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် လမ်းကောင်းမွန်ရေးအတွက် လမ်းများစနစ်တကျ ရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်အတွက်   စည်ပင် သာယာဝန်ထမ်းများသာမက မြို့နေပြည်သူများက လည်း   စည်းကမ်းစနစ်တကျ  အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်ကောက်ခြင်းနှင့်    မိမိတို့နေအိမ်အလိုက်၊ လမ်းအလိုက်     သန့်ရှင်းသပ်ရပ်အောင်    နေထိုင် မည်ဆိုပါက   မြို့သာယာလှပလာမည်ဖြစ်သဖြင့်  စည်းကမ်းစနစ်တကျဖြင့်  ထိန်းသိမ်းဆောင်ရွက် ကြစေလိုကြောင်း။

 


လူသားအရင်းအမြစ်ကောင်းများ


ပေါ်ထွက်လာမှသာလျှင်  မိမိဒေသ၊ မိမိတိုင်းပြည် တိုးတက်မည်ဖြစ်သဖြင့် ပညာရေးအားပေးကြရမည်
ယခုခရီးစဉ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်   အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခု အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံပေါများရေးကို   ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း၊  တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တိုင်းသူပြည်သားအားလုံး ဘဝ၌ လုံခြုံပျော်ရွှင်စွာဖြင့် အလုပ် လုပ်ကိုင်နိုင်ရေး၊ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် လိုအပ်ချက်များကို တတ်နိုင် သမျှ ပြည့်စုံစေရေးဆောင်ရွက်ပေးခြင်းပင်ဖြစ်ပြီး “အူမတောင့်မှ သီလစောင့်နိုင်မည်”    ဆိုသကဲ့သို့ စားရေရိက္ခာဖူလုံပေါများရေးကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

 


၂၀၁၉ ခုနှစ်တွင် တွက်ချက်ခဲ့သည့်  ကြားဖြတ် သန်းခေါင်စာရင်းအချက်အလက်များအရ   မိမိတို့ နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက် များ များစွာရှိနေသည်ကို တွေ့ရှိရကြောင်း၊ တိုင်းပြည် ၏ မြေပေါ်မြေအောက်သယံဇာတများကို ပညာတတ် လူသားအရင်းအမြစ်များဖြင့်  အကျိုးရှိရှိ  အသုံးချ နိုင်ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့်      ရင်ပေါင်တန်းအမီလိုက်နိုင်ရေး အတွက် ပညာရေးကို  မဖြစ်မနေ အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စာပေပညာသင်ကြားပေးနေခြင်း သည် အစိုးရအတွက်မဟုတ်ဘဲ အစိုးရက နိုင်ငံတော် အတွက် ကိုယ်စား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊   ပညာရေးကဏ္ဍ၌ သင်ရိုးညွှန်းတမ်းများကို   အစိုးရက ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများ၊  ပညာရှင်များ၊    နိုင်ငံတကာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းတိုင်ပင်   ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကို   သိရှိနားလည်ရန်လိုကြောင်း၊     ယခု ဆောင်ရွက်နေသည်မှာလည်း       ယခင်အစိုးရ အဆက်ဆက်ကကျင့်သုံးခဲ့သည့် နှစ် ၃၀ ပညာရည် မြှင့်တင်မှုစီမံကိန်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်  ပညာ သင်ကြားရေးသည်   နိုင်ငံသားအားလုံး၏ ရပိုင်ခွင့် နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘော ကျခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည် သဘောပေါက်ရန်  လိုအပ်ကြောင်း။

 


မိမိတို့နိုင်ငံတွင်  ကျောင်းနေသူ    ရာခိုင်နှုန်းနှင့် စာတတ်မြောက်သူ  ရာခိုင်နှုန်း   နည်းပါးလျက် ရှိသဖြင့် ပညာရေးကိုအားပေးကြရန်  လိုအပ်မည် ဖြစ်ပြီး အသိပညာ၊ အတတ် ပညာရှင်များပေါ်ထွက် လာမှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်လူငယ်လူရွယ်များကို ကောင်းမွန်သည့် စာပေပညာအမွေအနှစ်များ   ပေးနိုင်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊ တက္ကသိုလ် ပညာများ သင်ကြားပေးနေခြင်းသည် မိမိတို့ တစ်ဦး ချင်းစီ၏ ရှေ့ဆက်ရမည့်ဘဝခရီးတွင် မိမိခြေထောက် ပေါ် မိမိရပ်တည်နိုင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်ပင်ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိအောင် ယူကြစေလိုကြောင်း၊  အတတ်ပညာရပ် များသည် အတန်းပညာတတ်မှသာလျှင် သင်ကြားတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာရပ်များကို သင်ကြားမည် ဆိုပါက အနည်းဆုံး  အခြေခံပညာအလယ်တန်း အဆင့်ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း အသိပညာ တိုးပွားစေရေးအတွက်လည်း စာပေဖတ်ရှု လေ့လာ နေကြရန်လိုအပ်ပြီး ပညာရေးကို အားပေးဆောင်ရွက် ကြစေလိုကြောင်း။

 


ဒေသတွင်း သယံဇာတများကို အကျိုးရှိရှိအသုံးချနိုင်ရေး ကြိုးစားကြရန်လို


ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်လာပါက ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည်လည်း မရှိမဖြစ် လိုအပ်လာကြောင်း၊ ယခင်ကလည်း မိမိအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများ  လုပ်ဆောင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့ ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)  ဒေသတွင် သံရိုင်း၊ ကျောက်မီးသွေး၊ ထုံးကျောက် သယံဇာတများ များစွာ ရှိသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်ဒေသ ခံများအနေဖြင့် သံမဏိလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း များ လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

 


အလားတူ  ရှမ်းပြည်နယ်အနေဖြင့်   လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များစွာ ရှိကြောင်း၊  ဒေသတွင်းထုတ်ကုန်များမြင့်မားရေး၊ စက်မှုလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအားပင်ဖြစ်သည့် အတွက်  ဒေသတွင်း  လျှပ်စစ်ဖူလုံရေး၊    သဘာဝ အရင်းအမြစ်များမှ လျှပ်စစ်စွမ်းအား ထုတ်ယူနိုင်ရေး အတွက်   စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများလုပ်ဆောင်လျက်ရှိပြီး  ပြီးစီးပါက လျှပ်စစ်မီး ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း။ 

 


ထို့ပြင်   မြေသယံဇာတများစွာရှိပြီးဖြစ်သည့် အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင် မြင်စွာ လုပ်ဆောင်နိုင်မည့်     အခြေအနေရှိပြီးဖြစ် ကြောင်း၊ သယံဇာတများကို အကျိုးရှိရှိအသုံးချနိုင် ရေးတိုက်တွန်းလိုကြောင်း၊       စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်    လုပ်ဆောင်ကြ စေလိုကြောင်း၊  အတန်းပညာ၊    အတတ်ပညာကို အခြေခံပြီး ဆောင်ရွက်မှသာ တိုးတက်မှုရှိနိုင်မည် ဖြစ်ကြောင်း။

 


လူ့အသက်ထက်အရေးကြီးသည်မှာ မည်သည့်အရာမျှ မရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျစီမံဖော်ဆောင်


အသိပညာ၊    အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေး နိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာမှ ပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှ    အလုပ်လုပ်နိုင်မည် ဖြစ်သဖြင့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ကို စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း  လူ့အသက်ထက်အရေးကြီးသည်မှာ မည်သည့်အရာမှမရှိဟုခံယူလျက်        ကျန်းမာရေး ဝန်ထမ်း အခက်အခဲ၊ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆေးဝါးများ၊ ပစ္စည်းများစသည့် အခက်အခဲပေါင်းစုံ ကြားမှ ကြံ့ကြံ့ခံဆောင်ရွက်ခဲ့ရပြီး ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရန်နှင့် ကာကွယ်ဆေးထိုးနှံမှုများ ကို မဖြစ်ဖြစ်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်ပေး ခဲ့ပြီး ပညာရေးပိုင်းနောက်ကျခဲ့မှု မရှိရအောင်လည်း အခက်အခဲများကြားမှ ကျောင်းများကို   ပြန်လည် ဖွင့်လှစ်၍ စာပေသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက် ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု    ရာနှုန်းပြည့် ပြီးစီးစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများသာ မက အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊  ပြည်သူများ အားလုံး   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လို ကြောင်း။

 


ကလေးငယ်များ၏ အားလပ်ရက်များကို အကျိုးရှိရှိ အသုံးချပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်
သင်္ကြန်ပိတ်ရက်ကာလ  ကိုယ်ပိုင်အချိန်များ အတွင်း လာရောက်တွေ့ဆုံရသည့်အတွက် မိမိအနေ ဖြင့်အားနာမိပါကြောင်း၊   ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြောကြားရန်နှင့်         လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ မိမိတို့၏ ကလေး ငယ်များကိုလည်း ကျောင်းပိတ်ရက်အတွင်း အကျိုးရှိ စွာဖြင့် အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးစေလိုပြီး ယဉ်ကျေးလိမ္မာ စာပေဗဟုသုတများကို သင်ကြား ပေးစေလိုကြောင်း၊ ယဉ်ကျေးသည့်   လူမှုအသိုင်း အဝိုင်းနှင့် မြန်မာတို့၏ ဘာသာရေး ကိုင်းရှိုင်းမှုစသည့် အစဉ်အလာကောင်းများကို ပြန်လည်ဖော်ဆောင် ပေးပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်၊   ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိ မြို့ဖများအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ် ရာ တာဝန်ရှိသူများက  လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။        

 

သတင်းစဉ်