
ပဲခူး ဧပြီ ၉
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော် ကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိ ပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/ သီလရှင် များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲပထမအကြိမ် အခမ်း အနားကို ကျင်းပရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်း၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက် လာသည့် ဆရာတော်အရှင် သူမြတ်များထံမှ မေတ္တသုတ် ပရိတ်တရားတော် နာယူကြည်ညို ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ ဖတ်ကြားလျှောက် ထားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့က စာအောင် သံဃာတော် အရှင်မြတ်များအား လှူဖွယ်ဝတ္ထုနှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်း ဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသ ကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများ က မြို့နယ်၂၈မြို့နယ်မှ မြို့နယ် သံဃနာယက ဆရာတော်များထံ စာအောင်ဆုနှင့် နဝကမ္မအလှူငွေ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပဲခူးမြို့ ကြခတ် ဝိုင်းစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျ ဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှအတန်းပေးဝေခဲ့ကြသည်။
ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့၌ ဓမ္မာစရိယ အထူးအောင် နှစ်ပါး၊ ဓမ္မာစရိယ ဂုဏ်ထူးတန်းအောင် နှစ်ပါး၊ ဓမ္မာ စရိယကျမ်းပြီး ၆၇ ပါး၊ ဓမ္မာစရိယ (ကျမ်းစွဲ) ၄၂၅ ပါး၊ နိကာယ်အထူး အောင် တစ်ပါး၊ နိကာယ် (ကျမ်း ပြီး) ၁၉၇ပါး၊ နိကာယ်(ကျမ်းစွဲ) ၂၀၃ ပါး၊ ပထမကြီးတန်းအောင် ၉၅ပါး၊ ပထမလတ်တန်းအောင် ၁၁၂ ပါး၊ ပထမငယ်တန်းအောင် ၁၃၅ ပါး၊ အခြေပြုမူလတန်း အောင် ၆၁၂ ပါး စုစုပေါင်း ၁၈၅၁ ပါး အောင်မြင်ကြကြောင်း သိရသည်။
သတင်းစဉ်