တစ်ဦးချင်း အသိပညာမြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ် ခိုင်မာမည်ဖြစ်သဖြင့် အသိပညာမြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရန်လို

 

နေပြည်တော်  ဧပြီ    ၉


မိမိတို့နိုင်ငံ၌ တစ်ဦးချင်း အသိပညာ၊ အတတ်ပညာ မြင့်မားမှသာ လျှင်  စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီစနစ်ကို     ခိုင်မာ မည်ဖြစ်ပြီး တိုင်းပြည်၏အနာဂတ်နှင့်   နိုင်ငံတော်၏အနာဂတ်ကို အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က  ဧပြီ ၈ ရက်   မွန်းလွဲပိုင်းတွင်   လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ဇနီး   ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး   ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊    အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်  နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊    လားရှိုး တပ်နယ်မှ  အရာရှိ၊     စစ်သည်၊  မိသားစုဝင်များ    တက်ရောက်ကြသည်။

 


မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ်သည် မိမိတို့နိုင်ငံ၏    စိန်ရတုပြည်ထောင်စုနှစ်ဖြစ်ပြီး လာမည့်နှစ်တွင်      စိန်ရတုလွတ်လပ်ရေးနှစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊       စိန်ရတုကာလသို့ ရောက်ရှိပြီဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လက်နက် ကိုင်ပဋိပက္ခများရှိနေဆဲဖြစ်ပြီး    ငြိမ်းချမ်းမှုအပြည့် အဝ မရရှိသေးသည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကို လေ့လာ ကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကာလတွင်  ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည်  ပထမ၊    ဒီမိုကရေစီရေးသည် ဒုတိယ၊    ဆိုရှယ်လစ်ရေးသည်     တတိယဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က  အတည်ပြုရေးဆွဲခဲ့ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ကို ကျင့်သုံးခဲ့ကြောင်း၊ သတိပြုရမည်မှာ ယင်းဥပဒေ သည် ပြည်သူလူထုတစ်ရပ်လုံး  မဲပေးအတည်ပြုခဲ့ သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်က အချို့သောပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေဖြစ်ကြောင်း။

 


 ၁၉၄၈ ခုနှစ်   လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ    ဖဆပလအစိုးရက အုပ်ချုပ်ခဲ့ကြောင်း၊   လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒကွဲပြားမှု များကြောင့် ၁၉၄၈ မတ်လတွင်  ကွန်မြူနစ်ပါတီ တောခိုခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်ခန့်တွင် တရုတ်ဖြူတို့ ကျူးကျော် ခဲ့သဖြင့်    တပ်မတော်က    ပြန်လည်တိုက်ထုတ်ခဲ့ရ ကြောင်း၊   ထို့ပြင်  ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ခဲ့မှု ကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခများ၊ အာဏာရပါတီတွင်း ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီး ထိုစဉ်က ကမ္ဘာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း   အများဆုံးတိုင်းပြည် ဖြစ်ခဲ့ကြောင်း၊   တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး  အတူတကွ   ယှဉ်တွဲနေထိုင်နေ သည့်   ပြည်ထောင်စုကြီးမပြိုကွဲစေရေးအတွက် နိုင်ငံနှင့်အဝန်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး အသင့် အတင့်သာ   ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊   အချို့နေရာများ ၌   “တောမီးလောင် တောကြောင် လက်ခမောင်းခတ်”     ဆိုသကဲ့သို့ လက်နက်ကိုင်ဆူပူမှုများ ပေါ်ပေါက်လာ ခဲ့ပြီး    “သူတစ်လူ ငါတစ်မင်း၊  နယ်တစ်နယ် ဓား တစ်စင်း” ဓားပြများအသွင်ကဲ့သို့ ဖြစ်လာခဲ့ကြောင်း။

 


လက်နက်ကိုင်ဆူပူမှုများအကြား 
ပြည်ထောင်စုကြီး မပြိုကွဲစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် 
တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရ


ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာခဲ့ကြောင်း၊ အဆိုပါ  ပြဿနာများအပြင် မြို့ပေါ်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် ကျူးကျော်ရပ်ကွက်ကဲ့သို့ကိစ္စရပ်များကို တပ်မတော်က အမုန်းခံ၍ဖြေရှင်းဆောင်ရွက် ခဲ့ရပြီး နောင်တက်လာမည့် ရွေးခြယ်ခံအစိုးရအတွက် နိုင်ငံတော်ကို အကောင်းဆုံး ပုံဖော်ပေးခဲ့ရကြောင်း၊ ၁၉၆၀ ပြည့်နှစ်   ရွေးကောက်ပွဲအပြီးတွင်    သန့်ရှင်း ဖဆပလအနိုင်ရခဲ့သော်လည်း   ပါတီတွင်း   ထပ်မံ ကွဲပြားမှုများရှိခဲ့ပြီး    နိုင်ငံရေးအရှုပ်အထွေးများ များစွာ ဖြစ်ပေါ်ရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ ရှုပ်ထွေး နေစဉ် ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့ရသည့် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသည့်အချက် ကို ကိုင်စွဲ၍ ပြည်ထောင်စုမှခွဲထွက်ရေးကို တောင်းဆို မှုများ ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု  မပြိုကွဲရေးတို့ကို ဦးတည်၍ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်ရခြင်း မှာလည်း မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ နိုင်ငံတော်နှင့် အများသူငှာ ကောင်းစားရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ မိမိတို့တိုင်းပြည်သည် ကိုလိုနီဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့လွတ်လပ် ရေး  ခေါင်းဆောင်အများစုသည်     လက်ဝဲယိမ်းသူ၊ ဆိုရှယ်လစ်ဝါဒယိမ်းသည့် အယူအဆရှိသူများစွာ ရှိခဲ့ကြောင်း။

 


တပ်မတော်ခေါင်းဆောင်ပိုင်း    အချို့၌လည်း ဆိုရှယ်လစ်အယူဝါဒပိုင်းရှိခဲ့သကဲ့သို့ လွတ်လွတ် လပ်လပ်ဆောင်ရွက်လိုသည့်   လစ်ဘရယ်အယူဝါဒ ရှိသူများလည်း ပါဝင်ကြောင်း၊ နိုင်ငံတော်၌ ဆိုရှယ် လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက်   တော်လှန်ရေး ကောင်စီ၏  မူဝါဒသဘောထားကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်း မှတ်တမ်းများ၌ တွေ့ရကြောင်း၊  ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရ သမိုင်းကြောင်းများအပြင် စီးပွားရေး အရ သမိုင်းကြောင်းများကြောင့်ဖြစ်ကြောင်း၊ ၁၉၅၀ ပတ်ဝန်းကျင်ခန့်တွင် ကိုရီးယားစစ်ပွဲများဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံမှ ဆန်၊ စပါးကဲ့သို့    ထွက်ကုန်များ ဈေးကောင်းရခဲ့ကြောင်း၊ ထို့ကြောင့် အာဏာရပါတီ အနေဖြင့် ပြည်တော်သာစီမံကိန်းကို  ရေးဆွဲခဲ့ပြီး  “လူတစ်ယောက်  ကားတစ်စီး၊ တိုက်တစ်လုံး၊ တစ်လ ဝင်ငွေရှစ်ရာ”  ဟူသည့်    ကြွေးကြော်သံဖြင့်ပင် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားစစ်ပွဲအပြီးတွင် စပါးဈေးထိုးကျခဲ့ပြီး  တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့သဖြင့် ဝင်ငွေနည်းပါး ခဲ့ခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ကြောင်း၊ အာဏာရ ပါတီ၏နောက်တွင်    စီးပွားရေးသမားများရှိခဲ့ပြီး ထောက်ခံမဲများရရှိရေးအတွက် လူမျိုးခြားများနှင့် စီးပွားရေးသမားများကို လုပ်ပိုင်ခွင့်များ၊ နေရာများ ပေးခဲ့သဖြင့် ပြည်တွင်းအုပ်ချုပ်ရေးလမ်းကြောင်း၌ အခက်အခဲများရှိခဲ့သည်ကို တွေ့ရှိရကြောင်း။

 


ထိုသို့ဖြစ်ပေါ်နေမှုများကို တပ်မတော်ခေါင်းဆောင် ပိုင်းများက သတိထားတွေ့မြင်ခဲ့ပြီး တိုင်းပြည်၏ အနာဂတ်အရေးအတွက်    မျှော်တွေးထိန်းသိမ်း ဆောင်ရွက်ခဲ့ရမှုများသည် တိုင်းပြည်အတွက် ဆိုရှယ် လစ်စနစ်ကို ဦးတည်စေခဲ့ကြောင်း၊    နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍသည် ပြည်သူတို့လက်ဝယ် တွင် ရှိစေရေးအတွက် ပြည်သူပိုင်သိမ်းသည်များကို ဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ်ဆောင်ရွက် ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင်    ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်) ကို အတည်ပြုခဲ့ကြောင်း၊    ယင်းဥပဒေအား  မူကြမ်း ၃ ကြိမ်အထိ ရေးဆွဲ၍ ပြည်သူလူထုထံသို့ ချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံကို တရားဝင်တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့်    ဆိုရှယ်လစ် စနစ်ကို တည်ဆောက်ရာ၌ တပ်မတော်ကို  အမာခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသမားများ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ ဆိုရှယ်လစ်စနစ်ကို ထောက်ခံ သည့် ပြည်သူလူထုတို့ဖြင့် ပူးပေါင်း၍ လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ ၁၉၈၈ ခုနှစ်ထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အားနည်း ချက်များရှိသကဲ့သို့      အားသာချက်များလည်းရှိ ကြောင်း၊ သမိုင်းကိုသိရှိအောင် လေ့လာ၍သုံးသပ်ကြ စေလိုပြီး အချို့ကောင်းမွန်သည့် အရာများကို ပညာ ယူကြစေလိုကြောင်း၊ နိုင်ငံတကာဖြစ်စဉ်များ၊ မိမိ နိုင်ငံ၏  ဖြစ်စဉ်များကို  ချိန်ထိုးနှိုင်းယှဉ်သုံးသပ်ကြရန် တိုက်တွန်းလိုကြောင်း။

 


 ထိန်းသိမ်းတာဝန်ယူဆောင်ရွက်


ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း    ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆို သည့် ဖြစ်စဉ်တစ်ခုအဖြစ်သာ ယေဘုယျ  သဘော ထားကြသော်လည်း ၎င်းနောက်ကွယ်၌   ဖြစ်ပွားရ သည့် အကြောင်းအရင်းများစွာရှိသည်ကို လေ့လာ တွေ့ရှိနိုင်ကြောင်း၊ ၎င်းအရေးအခင်း၌ တိုင်းပြည်၏ အခြေအနေယိမ်းယိုင်လာခဲ့ပြီး အချုပ်အခြာအာဏာ ပြိုကွဲမည့် အခြေအနေနှင့်   ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ   ရပ်တန့်ခဲ့သဖြင့်      တပ်မတော်က ဝင်ရောက်ထိန်းသိမ်း      တာဝန်ယူဆောင်ရွက်ခဲ့ရ ကြောင်း၊ တပ်မတော်အနေဖြင့်   တတိယအကြိမ် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ ဆိုသည်ကို   ဂဃနဏ   သိရှိခြင်းမရှိသော်လည်း ဆိုရှယ်လစ်စနစ်ကို မကြိုက်မနှစ်သက်ခြင်း၊ ယခင် လူမျိုးခြားများနှင့် စီးပွားရေးသမားများပိုင် စီးပွားရေး လုပ်ငန်းများ    ပြည်သူပိုင်အသိမ်းခံရခြင်းအတွက် ခံစားချက်နှင့်လှုံ့ဆော်မှုများ၊  ပုဂ္ဂလိကစီးပွားရေးကို အားမပေးဘဲ ဆိုရှယ်လစ်စီးပွားရေးကို တည်ဆောက် ခဲ့သည့်  ခံစားချက်များ၊    ဆိုရှယ်လစ်စီးပွားရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အရေးခံခဲ့ရမှု များကြောင့် မကျေနပ်ချက်များလည်း ရှိခဲ့ကြောင်း၊ စီးပွားရေးအရှုံးပေါ်မှုများ၊ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခများလည်းရှိခဲ့ကြောင်း၊     ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများရှိခဲ့သော်လည်း    စောဟန်သာမွှေး ဦးဆောင်သည့် KNC အဖွဲ့တစ်ဖွဲ့ဖြင့်သာ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊   လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရန် ကာကွယ်ရေးဘတ်ဂျက်များစွာ သုံးစွဲခဲ့ ရပြီး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် နိုင်မှု အားနည်းခဲ့ကြောင်း။
၁၉၈၈ ခုနှစ်နောက်ပိုင်း   တပ်မတော်အစိုးရ တက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်သွားနိုင်ရေး   ဦးတည်ဆောင်ရွက် ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို    ကျင့်သုံးနိုင်ရေး ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရကြောင်း၊     တိုင်းရင်းသားပြည်သူ လူထုနှင့် အလွှာပေါင်းစုံမှ  အစုအဖွဲ့များပါဝင်သော အမျိုးသားညီလာခံ၌    အခြေအတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း။ 

 


ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ သွားနိုင်ရေး အတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာတွင် ပုဂ္ဂလိက  စီးပွားရေးလုပ်ငန်းများကို   မြေတောင် မြှောက်ပေးခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးအရနှင့် စီးပွားရေးအရ သဘောထားကွဲလွဲ မှုများရှိကြောင်း၊ မည်သို့ပင် သဘောထားကွဲလွဲမှုများ ရှိစေကာမူ   တပ်မတော်အနေဖြင့်   ပြည်သူလူထု လိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို   မရရအောင်   ဖော်ဆောင်ခဲ့ ကြောင်း၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် တို့တွင်   ဖြစ်ပေါ်ခဲ့သည်များကို   မိမိတို့အနေဖြင့် သမိုင်းသင်ခန်းစာယူ၍ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


တိုင်းရင်းသားတို့၏အရေးနှင့်    ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံသည် ယခင်က  ဘုရင်စနစ်ဖြင့် သွားခဲ့ပြီး   နိုင်ငံတော်၏  နယ်မြေအားလုံးသည် ဘုရင်အပေါ် သစ္စာခံရကြောင်း၊ နယ်မြေဒေသအလိုက် အကြီးအကဲများကို  ဘုရင်က အသိအမှတ်ပြုပေးရ ကြောင်း၊   အချုပ်အခြာအာဏာပိုင်တည်တံ့ခိုင်မြဲ သည့် ရေမြေပိုင်နက်နယ်နိမိတ်နှင့်    ခိုင်မာသည့် သမိုင်းကြောင်းရှိသည့်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ထို့နောက် ကိုလိုနီခေတ်တွင် တောင်တန်းပြည်မ ဆင်းရဲချမ်းသာ ကွာခြားချက်များ၊ သွားလာရေးခက်ခဲမှုများ၊ ဖွံ့ဖြိုးမှု ကွာခြားမှုတို့ကို အကြောင်းပြ၍  သွေးခွဲအုပ်ချုပ်ခဲ့ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၁၈၂၄ ခုနှစ်တွင် ကိုလိုနီတို့က ရခိုင်ကို   စတင်အုပ်ချုပ်ခဲ့ပြီးနောက် တနင်္သာရီကို အုပ်ချုပ်ခဲ့ကြောင်း၊ တိုက်ရိုက်အုပ်ချုပ် ခဲ့ခြင်းမဟုတ်ဘဲ တစ်ဆင့်ခံ အုပ်ချုပ်စေခဲ့ခြင်းဖြစ် ကြောင်း၊ ၁၈၅၂ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းပါခဲ့ပြီး  အုပ်ချုပ်ပုံ ပုံစံပြောင်းလာခဲ့ကြောင်း၊ ထို့နောက် ၁၈၈၆ ခုနှစ်  တစ်နိုင်ငံလုံး  ကိုလိုနီလက်အောက် ရောက်ခဲ့ရချိန်တွင် အုပ်ချုပ်မှုပုံစံတစ်မျိုးဖြင့် ထပ်မံ အုပ်ချုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ အုပ်ချုပ်မှုပုံစံအမျိုးမျိုး ဖြင့် ခွဲခြားအုပ်ချုပ်ခဲ့ချိန်မှစ၍ မိမိတို့ ပြည်ထောင်စု တိုင်းရင်းသားတို့၏ စိတ်အတွင်း၌ တိုင်းရင်းသား နယ်မြေများသည်  ပြည်မမှ သီးခြားဖြစ်သည်ဟူသည့် အယူအဆများ  ပေါ်ပေါက်လာခဲ့ကြောင်း၊ တိုင်းပြည် ကို ယခုအချိန်အထိ အန္တရာယ်ပေးခဲ့သည့် အချက် တစ်ချက်လည်းဖြစ်ကြောင်း။

 


ထို့ကြောင့် မိမိအနေဖြင့် တပ်မတော်က တာဝန် ယူသည့်အချိန်တွင်      နိုင်ငံသားအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်        အတူပေါင်းစည်း နေထိုင်ရေးကို အဓိက ဆောင်ရွက်လျက်ရှိကြောင်း၊ ဗမာလူမျိုးအများဆုံးဖြစ်သည်ဆိုသော်လည်း အဓိက တိုင်းရင်းသားရှစ်မျိုး၊ တိုင်းရင်းသားမျိုးကွဲ ၁၃၅ မျိုး ရှိကြောင်း၊ လူဦးရေအရေအတွက်  မျိုးစုံရှိကြောင်း၊ အချို့သည် သိန်းဂဏန်း၊ သောင်းဂဏန်း၊   ထောင် ဂဏန်းသာရှိသည့်          တိုင်းရင်းသားများလည်း ရှိကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်သည်သာ အကောင်း ဆုံးနည်းလမ်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လေ့လာကြည့်ပါက ဖက်ဒရယ်ဟု သုံးစွဲထားခြင်းမရှိသော်လည်း ဖက်ဒရယ်၏ လုပ်ထုံး လုပ်နည်းများပါပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကျေးလက်ကိုအခြေခံပြီး ကျေးလက်ကို ပေါင်းစည်း၍  မြို့နယ်၊   မြို့နယ်မှ ခရိုင်၊   ခရိုင်မှ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖြစ်လာပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုဖြစ်လာကြောင်း၊  ထိုအတွင်းမှ တူညီ သည့်     တိုင်းရင်းသားများပြားသည့်ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ တိုင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်ပေးထား ခြင်းဖြစ်ကြောင်း။

 


ဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိအနေဖြင့် ပါတီစုံ လမ်းကြောင်းနှင့်     ဖက်ဒရယ်စနစ်ကို  မသွား၍ မရသည်ကို  ခံယူထားပြီး တိုင်းရင်းသားအရေးကို အလေးထားရမည်ဟု      လက်ခံထားကြောင်း၊  တပ်မတော်သားဘဝဖြတ်သန်းမှု အတွေ့အကြုံများ အရ တိုင်းရင်းသားတို့၏   လူမှုဘဝမြှင့်တင်ရေးနှင့် စည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် တိုင်းရင်းသား အရေးကို ဦးစားပေးဆောင်ရွက်ရမည်ကို သိရှိထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့်   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်းသွားခဲ့ပြီး   တက်လာသည့် အစိုးရနှင့် လက်တွဲညီဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း။

 


ရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်ရန်လိုသည်


ထိုသို့ဆောင်ရွက်လျက်ရှိစဉ်     မိမိတို့သည် ဒီမိုကရေစီစနစ် နုနယ်နေသေးသဖြင့် ရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်ရန်လိုအပ်သည်   တပ်မတော် အနေဖြင့်   ရိုးသားသည့်   ဒီမိုကရေစီစနစ်ကိုသာ လိုလားသည်ဟု မိမိအနေဖြင့် ပြောကြားခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် တိုင်းပြည်နှင့် ပြည်သူ၏ အစိတ်အပိုင်းသာဖြစ်သဖြင့် ပြည်သူတို့လိုလားသည့်    ပါတီစုံဒီမိုကရေစီစနစ် ကို   ခိုင်မာအောင် လျှောက်လှမ်းနိုင်ရေး ဦးတည် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်   အထွေထွေ ရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ်တို့တွင်   အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ အုပ်ချုပ် ရေးပိုင်း၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး     ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကာ စည်းလုံးညီညွတ်မှုများ   ပျက်ပြားခဲ့ရ ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ရွေးကောက် ပွဲတွင်   မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင် ရရှိရေး   ဆောင်ရွက်ခဲ့သည်ကို    တွေ့ရှိရကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက် ပေးခြင်းမရှိသဖြင့်    တပ်မတော်မှ   နိုင်ငံတော်၏ တာဝန်များကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ်အခါခါ   အမုန်းခံ၍ တိုင်းပြည်ကို ကာကွယ်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက် ခဲ့ခြင်းသည် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း   ခိုင်မာရေးအတွက်သာ ဖြစ်ပြီး  ထိုလမ်းကြောင်းပေါ်မှ   သွေဖည်စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေး ကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေကြောင်း၊ ယခင်က ဖြစ်ပေါ် ခဲ့သည့် အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်း စာယူဆောင်ရွက်နေခြင်းသာဖြစ်ပြီး နာကြည်းချက် များကို     သားစဉ်မြေးဆက်မပါစေရေးအတွက် သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း၊   ပဋိပက္ခဖြေရှင်း ရေးအတွက် တာဝန်ရှိသူများအနေဖြင့်လည်း မှန်မှန် ကန်ကန် ထိထိရောက်ရောက်  အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိ တာဝန်ယူရသည့် အဖွဲ့အစည်းများကို တာဝန်ယူကြပ်မတ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း။

 


ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကို  အခြေခံ  သည့် ပြည်ထောင်စုစနစ်ကို  ခိုင်မာစွာအာမခံ


တပ်မတော်အနေဖြင့်     ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးကိုသာ အဓိက ဆောင်ရွက် လျက်ရှိကြောင်း၊   စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့်  အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခု အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်က   ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ် သည့်အတွက်    တပ်မတော်သားများအနေဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ   ရွေးကောက်တင်မြှောက်ခံရသူတို့က ဥပဒေနှင့်အညီ     စီမံအုပ်ချုပ်သည့်စနစ်ပင်ဖြစ် ကြောင်း၊  ဒီမိုကရေစီအုပ်ချုပ်ရေးကို သွားမည်ဆိုပါက ဒီမိုကရေစီစနစ်ကို နားလည်နိုင်သည့် အရည်အသွေး များရှိရန် လိုကြောင်း၊ ဒီမိုကရေစီတွင် ရွေးကောက်ပွဲ သည်  အဓိကကျပြီး    ရွေးကောက်ပွဲနှင့်ပတ်သက် ၍  မဲစာရင်းသည်   သန်းခေါင်စာရင်းကိုအခြေခံပြီး ကောက်ခံရခြင်းဖြစ်ကာ  ခေတ်အဆက်ဆက်တွင် လည်း ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း။

 


မြန်မာနိုင်ငံ၌ လူဦးရေတိုးတက်နှုန်းမှာ ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မဲပေးခွင့်ရှိသူ ၃၄ ဒသမ ၂၉ သန်းကို ၁ ရာခိုင်နှုန်းနှင့်တွက်မည်ဆိုပါက တစ်နှစ် လျှင် ၃ ဒသမ ၄ သိန်းသာ တိုးတက်မှုရှိမည်ဖြစ်ပြီး ၅ နှစ်ဆိုပါက   ၁ ဒသမ  ၇  သန်းရှိမည်ဖြစ်ကာ အလွန်ဆုံး ၂ သန်းသာ လူဦးရေးတိုးပွားမှု ရှိရမည်ဖြစ် ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်  ကောက်ခံ ရရှိမှု မဲပေးခွင့်ရှိသူမှာ ၃၈ ဒသမ ၂၇ သန်းထိ ရှိနေ သည်ကို မဖြစ်နိုင်ဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ အားနည်းချက်များ များစွာရှိခဲ့ကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်တွေ့ကျင့်သုံးအောင်မြင်စေရန် နိုင်ငံ သားတို့၏ အသိပညာရေချိန် မြင့်မားရန်လိုကြောင်း၊ ဒီမိုကရေစီ၏သဘောကိုနားလည်သိရှိရန် ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန် ယူသည့်အချိန်၌ ပညာရေးကို မြှင့်တင်ဆောင်ရွက် ပေးရန်ပြောခဲ့ကြောင်း၊ ပညာတတ်ဖြစ်ရမည်၊ အတွေး အခေါ် မြင့်မားရမည်ဖြစ်ကြောင်း၊ ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့်  နောက်ကျကျန်ရစ်၍ ရနိုင် မည်မဟုတ်ကြောင်း၊ အသိပညာမြင့်မားစေရေး အတွက် မိမိကိုယ်တိုင် စာပေလေ့လာမှုသာမက မိမိ တို့၏ သားသမီးများကိုလည်း   စာပေ၊ ဗဟုသုတ မြင့်မားအောင်    ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊ လေ့လာ ပြီး အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာမြင့်မားမှသာလျှင်   ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏  အနာဂတ်ကိုလည်း   အာမခံနိုင်မည် ဖြစ်ကြောင်းဖြင့် မှာကြားပြီး   အရာရှိ၊   စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်း ကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏       ဇနီးက တပ်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊  စစ်သည်၊ မိသားစုများအား မကြာမီတွင် မြန်မာ့ရိုးရာနှစ်သစ် သင်္ကြန်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ နှစ်သစ်အခါသမယတွင် စိတ်ရော၊ ကိုယ်ပါ ကျန်းမာ၊ ချမ်းသာ အောင်မြင်ပါစေကြောင်း၊ တစ်ဦးချင်း အသိ တရား၊ သတိတရားများဖြင့် မိမိနှင့် မိမိတပ်မတော်၊ မိမိတိုင်းပြည်၏ ကောင်းရာကောင်းကျိုးကို သယ်ပိုး ထမ်းဆောင်နိုင်ပါစေကြောင်းဖြင့် နှစ်သစ်ကူး ဆုမွန် ကောင်းစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစု များအား   ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ကြ သည်။ 

 


ဆက်လက်ပြီး       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ   နယ်မြေခံ တပ်မတော်ဆေးရုံတွင်  တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံပြည်သူများအား    သွားရောက်ကြည့်ရှု ၍   တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်